တာ့ဂျ်မဟာဗိမာန်ကြီး

November 6, 2019

သမိုင်းဝင် တာ့ဂျ်မဟာဗိမာန်ကြီး လေထုညစ်ညမ်းမှုဒဏ်ခံနေရ

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတြာပရာဒေ့ရှ်ပြည်နယ်က အာဏာပိုင်တွေဟာ သမိုင်းဝင် တာ့ဂျ်မဟာဗိမာန်ကို ကာကွယ်ဖို့ လေသန့်စက်တွေကို စတင်အသုံးပြုနေပါတယ်။  တာ့ဂျ်မဟာဗိမာန်ရှိတဲ့ အဂ္ဂရာမြို့ဟာ ကမ္ဘာ့အညစ်ညမ်းဆုံး မြို့တွေထဲက တမြို့ပါ။ ဒါကြောင့် အရာရှိတွေက ၈ နာရီအတွင်း လေ ကုဗမီတာ ၁၅ သိန်းကို သန့်စင်ပေးနိုင်တဲ့ လေသန့်စက် တပ်ဆင်ထားတဲ့ ကား ၂ စီးကို သုံးခဲ့တာပါ။ တာ့ဂျ်မဟာဆီကို သွားလည်အပြီးမှာ မြူထူတွေကြောင့် ဘာမှမမြင်ရလို့ ဒီအတိုင်း ပြန်လာခဲ့ရတယ်လို့ မွမ်ဘိုင်းမြို့က လာတဲ့ ကမ္ဘာလှည့်ခရီးသည် ရီတူရာ့ဂျ် ဆမ်နာ့သ်ပတေးက ပြောပါတယ်။ အိန္ဒိယအစိုးရက ၁၇ ရာစုမှာ တည်ခဲ့တဲ့ ဗိမာန်ကို မစွန်းထင်းစေဘဲ ဖွေးလက်နေအောင် ထားဖို့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရေး ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ကျောက်ဖြူသားနဲ့ ဆောက်ထားတဲ့ တာ့ဂျ်မဟာဗိမာန်ဟာ လေထုညစ်ညမ်းမှုကြောင့် အဝါရောင်ကို ပြောင်းလာခဲ့ပါတယ်။ ကမ္ဘာ့အံ့ဖွယ် ၇ သွယ်ထဲက တခုဖြစ်တဲ့ တာ့ဂျ်မဟာ အဆောက်အဦကို အမှိုက်တွေ စီးဆင်းနေတဲ့ မြစ်က ခြံရံထားပြီး အဂ္ဂရာမြို့က ကားတွေ မီးခိုးခေါင်းတိုင်တွေကြောင့် ထွက်လာတဲ့ မီးခိုးမြူထူတွေ ဖုန်တွေက ရစ်သိုင်းထားပါတယ်။
2 years Ago
Up