တာမွေမြို့နယ်တွင် တရားမ၀င် ဘင်္ဂါလီ ၅ ဦးကို ဖမ်းမိ

A d v e r t i s e m e n t With Us

October 23, 2016

တာမွေမြို့နယ်တွင် တရားမ၀င် ဘင်္ဂါလီ ၅ ဦးကို ဖမ်းမိ

ရန်ကုန်မြို့အတွင်း တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂါလီ ၅ ဦးကို တာမွေမြို့နယ်အတွင်း ဖမ်းမိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ အောက်တိုဘာ ၂၂ရက် မနက်အစောပိုင်း တာမွေရဲစခန်းက တပ်ဖွဲ့ဝင်တွေ ကင်းလှည့်စဉ် အရိုးကုန်းရပ်ကွက်အတွင်း မသင်္ကာဖွယ်တွေ့ရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နေ  နာစီး၊ ဆူရီလိုရီ၊ ကိုရိမိုဒီ၊ လာလူးနဲ့  စူမီယာဒန်ဘာ(ခ)ဆူဖီရာဇန်မာတို့ ၅ ဦးကို တွေ့ရှိ  ထိမ်းသိမ်းခဲ့ပါတယ်။ သူတို့ ၅ ဦးကို ရခိုင်ပြည်နယ်၊ တင်းတောင်းကျေးရွာနေအလီအာမက် ဆိုသူ စုံစမ်းဆဲ က တစ်ဦးလျင်ငွေကျပ် ၁၅သိန်းနဲ့ မလေးရှားပို့ပေးမယ်ဆိုပြီး ကားနဲ့ ခေါ်ဆောင်လာခဲ့တယ်၊ လမ်းမှာ စစ်ဆေးရေးဂိတ်တွေ့လျင် သူတို့က ကားပေါ်ကဆင်းပြီး တောလမ်းက ရှောင်တိမ်းလမ်းလျှောက်ခဲ့တယ်။ ရန်ကုန်ကို အောက်တိုဘာ ၁၉ ရက်မှာ ရောက်ရှိခဲ့ပြီး မောင်ကျော်ဆိုသူ (စုံစမ်းဆဲ)က ငှားပေးတဲ့ အရိုးကုန်းရပ်ကွက်ထဲက အိမ်တလုံးမှာ နေထိုင်ခဲ့တယ်။ တည်းခိုနေတဲ့အိမ်ကနေ အပြင်အထွက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတာ ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ကို ပိုဆောင်ပေးခဲ့တဲ့ အလီအာမက် (စုံစမ်းဆဲ)၊ အိမ်ငှားရမ်းပေးသူ မောင်ကျော် (စုံစမ်းဆဲ) နဲ့ နာစီးပါ ၅ဦးတို့အားတာမွေမြို့မရဲစခန်း(ပ)၇၈၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀နဲ့လည်းကောင်း၊  နာစီးပါ ၅ ဦးကို ၁၉၄၉ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ၆(၂)/၆(၃) နဲ့ အမှုဖွင့်အရေးယူကာ အလီအာမက်နှင့် မောင်ကျော်တို့အားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up