တာမွေမြို့နယ်

November 3, 2018

သမ္မတ မဲလာမည့် တာမွေမဲရုံရှေ့ မြင်ကွင်း (ဓာတ်ပုံ)

သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဖြစ်သူဒေါ်ချိုချိုတို့ဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန် တာမွေမြို့နယ်၊ ကျောက်မြောင်းလမ်း၊ ကျားကွက်သစ်ရှိ ခြင်းလုံးအားကစားရုံမှာ ဖွင့်လှစ်ထားတဲ့  မဲရုံ အမှတ် (၃)မှာ ဒီကနေ့ မွန်းလွဲပိုင်း လာရောက်မဲပေးမှာဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - စိုးမိုးအောင်  
3 years Ago

February 15, 2018

တာမွေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်နှင့်  ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ တွေ့ရှိ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးအနီးရှိ ကမ္ဘောဇဘဏ်ခွဲကို လာရောက်အပ်နှံတဲ့ ငွေတွေထဲကနေ ကျပ်ငွေ ၁၀,၀၀၀ တန်နဲ့   ၅,၀၀၀ တန် ငွေစက္ကူအတုတွေ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်ကနေ ၃၁ ရက်နေ့ထိ  ကမ္ဘောဇဘဏ်ခွဲမှာ လူပေါင်း ၃၂ ဦး လာရောက်အပ်နှံခဲ့တဲ့ ငွေတွေထဲက ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၂၇ ရွက်နဲ့ ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၈ ရွက် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဒီငွေစက္ကူအတုတွေကို ဘဏ်ခွဲမန်နေဂျာ ဒေါ်သဇင်သင်းက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တာမွေမြို့မရဲစခန်းကို လာရောက်အပ်နှံခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
4 years Ago
Up