ပိုလန်နိုင်ငံ တောင်ပိုင်း ဘတ်ဇန်မြို့မှာရှိတဲ့ လာဂစ်ဇာဓာတ်အားပေးစက်ရုံက ကွန်ကရစ်နဲ့ တည်ဆောက်ထားတဲ့ အအေးပေးတာဝါတခုကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဖောက်ခွဲရေး ပစ္စည်းတွေအသုံးပြုကာ ဖျက်ဆီးခဲ့ပါတယ်။
ဒီလိုဖြိုဖျက်မှုကို ပြုလုပ်ဖို့ ဖောက်ခွဲရေးပစ္စည်း ကီလိုမီတာ ၂၀၀ လောက် အသုံးပြုခဲ့ရတာပဲဖြစ်ပါတယ်။ ဒီတာဝါမတိုင်ခင် အခုနှစ်အစပိုင်းကလည်း လာဂစ်ဇာ ဓာတ်အားပေးစက်ရုံ ဝန်းထဲမှာရှိတဲ့ အခြား အအေးပေးတာဝါ သုံးခုကို ဖြိုချခဲ့ဖူးပါတယ်။
ဒီလို မီတာ ၉၀ လောက်ရှိတဲ့ တာဝါကြီးတစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်း ဖြိုချခဲ့တာလည်း ဖြစ်ပါတယ်။ အခုဖြိုချခဲ့တဲ့ လာဂစ်ဇာစက်ရုံအတွင်းက တာဝါတွေဟာ လွန်ခဲ့တဲ့ ၁၉၆၀ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ မပြည့်မီတော့တာကြောင့် ဖြိုဖျက်ခဲ့ရတာပဲဖြစ်ပါတယ်။
2 years Ago