တာဝန်ထမ်းဆောင်

December 6, 2020

ရန်ကုန်နှင့် စစ်တွေတွင် တာဝန်ထမ်းဆောင်ပြီး ရွှေဘိုမြို့ပြန်လာသည့် သူနာပြုများကို ကြိုဆို

ရန်ကုန်နဲ့ စစ်တွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ၁ လကျော်သွားရောက်တာဝန် ထမ်းဆောင်ခဲ့ပြီး ပြန်လာတဲ့ ရွှေဘိုမြို့က အထက်တန်းသူနာပြု ဆရာ၊ ဆရာမတွေကို ဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။ ဆရာ၊ ဆရာမတွေဟာ ဒီဇင်ဘာ ၅ ရက်နေ့ ညက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ကို ပြန်လည်ရောက်ရှိလာကြတာလို့ ရွှေဘိုခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်က ပြောပါတယ်။ ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ သူနာပြု ဆရာ၊ ဆရာမ ၃ ဦးကို ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတ အသင်းအဖွဲ့၊ မြို့မိ မြို့ဖတွေက ရွှေဘိုမုခ်ပေါက်မှာ လာရောက်ကြိုဆိုခဲ့ကြတယ်လို့ ရွှေဘိုမြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေးအဖွဲ့ တာဝန်ရှိသူ ဦးတင်ဝင်းက ပြောပါတယ်။ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဆရာ ဆရာမတွေကို ပြည်ရွှေသိဃ် Hotel မှာ ကွာရန်တင်းထားရှိမယ်လို့ ဆိုပါတယ်။
10 months Ago

June 11, 2020

ကိုဗစ်-၁၉ လူနာအမှတ် ၂၄၉ တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်တွင် တာဝန်ထမ်းဆောင်ခဲ့

ကိုဗစ်-၁၉ လူနာနံပါတ်  ၂၄၉  ဟာ တရုတ်−မြန်မာနယ်စပ် လွယ်ဂျယ်ဂိတ်မှာ ပြည်ပကနေ ဝင်ရောက်လာသူတွေကို ကျန်းမာရေး စစ်ဆေးပေးတဲ့ သားဖွားဆရာမ ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။  ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် လွယ်ဂျယ်ဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၂၆ ဦးကို ကိုဗစ်-၁၉ ပိုး ရှိ၊မရှိ စစ်ဆေးရာမှာ သူတစ်ဦးတည်းမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ သူနဲ့အတူ ပိုးစစ်ဆေးခဲ့ပြီး ဗိုင်းရပ်ပိုးမတွေ့ရှိခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ  ထွေအုပ်နဲ့ လဝက ဝန်ထမ်းတွေကို အသွားအလာကန့်သတ်ထားပါတယ်။  လူနာနံပါတ် ၂၄၉ ဟာ တရုတ်−မြန်မာနယ်စပ်လွယ်ဂျယ်ဂိတ်မှာ ဇွန်လ ၂ ရက်နေ့နဲ့ ဇွန်လ ၈ ရက်နေ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး သူတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလ အတွင်းမှာ တရုတ်နိုင်ငံကနေ ပြန်လည်ဝင် ရောက်လာသူ  ၅၀၀ ကျော်ရှိပါတယ်။  လူနာနံပါတ် ၂၄၉  ဟာ  လတ်တလောမှာတော့ ဖျားနာတာ နှာချေ ချောင်းဆိုးတာ မရှိသလို  ကျန်းမာရေးကောင်းမွန်နေတယ်လို့ မိုးမောက်ပြည်သူ့ ဆေးရုံအုပ်ကြီးကပြောပါတယ်။
1 year Ago
Up