တာဝန်

June 6, 2020

ကိုဗစ်-၁၉ ကြောင့် ရပ်နားထားခဲ့သည့် အမေရိကန် လေယာဉ်တင်သင်္ဘော တာဝန်ပြန်ထမ်းဆောင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဂူအမ်ဆိပ်ကမ်းမှာ သီတင်း ၁၀ ပတ်ခန့် ရပ်နားခဲ့တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် သီယိုဒိုရုစဗဲ့ဟာ ဇွန် ၄ ရက်နေ့က တာဝန်တွေကို ပြန်ထမ်းဆောင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့ပတ်သက်လို့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ပေးဖို့ သင်္ဘော ကပ္ပတိန် ဘရတ်-ခရိုဇီယာက အထက်လူကြီးတွေထံ ရေးသားတဲ့စာ ပေါက်ကြားခဲ့ပြီးနောက် တာဝန်က ရပ်စဲခံလိုက်ရပါတယ်။ တာဝန်က ရပ်စဲခံရတဲ့ ခရိုဇီယာကို သင်္ဘောသားတွေက သူရဲကောင်းတစ်ယောက်လို ဂုဏ်ပြုနှုတ်ဆက်ခဲ့ပြီး အခုအခါမှာတော့ ခရိုဇီယာကို ရာထူးပြန်ခန့်ရေး အမေရိကန်ရေတပ်က စဉ်းစားနေပါတယ်။ သင်္ဘောသား ၅,၀၀၀ မှာ ငါးပုံ တစ်ပုံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာမို့ သင်္ဘောကို  ဂူအမ်ဆိပ်ကမ်းမှာ ရပ်နားပြီး သင်္ဘောသားတွေကို ကျွန်းပေါ်မှာ ကုသပေးခဲ့တာပါ။  အခုအခါမှာတော့ ယူအက်စ်အက်စ် သီယိုဒိုရုစဗဲ့ဟာ ပင်လယ်ရေကြောင်းလုံခြုံရေး အကူအညီပေးဖို့ အမှတ်-၇ ရေတပ်သင်္ဘောစု ဒေသဆီ ပြန်သွားခဲ့တယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။
2 years Ago

May 8, 2020

ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေး ဘိုင်ယန်လက်ထောက်နည်းပြ တာဝန်ယူမည်

ဂျာမနီဂန္ထဝင်တိုက်စစ်မှူးကြီး ကလိုဆေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူတော့မှာဖြစ်ပါတယ်။  ဂျာမနီလက်ရွေးစင်အတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ ကလိုဆေးဟာ မနေ့က ဘိုင်ယန်အသင်းနဲ့ ၁ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နည်းပြချုပ် ဟန်စီဖလစ်ရဲ့ လက်ထောက် နည်းပြအဖြစ် လာမယ့်ရာသီကစပြီး တာဝန်ယူမှာဖြစ်ပါတယ်။  အသက် ၄၁ နှစ်ရှိ ကလိုဆေးဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့ပြီး စုစုပေါင်း ပွဲ ၁၅၀ မှာ ၅၃ ဂိုးသွင်းယူခဲ့ပါတယ်။  ဘိုင်ယန်အသင်းကနေ အီတလီကလပ် လာဇီယိုအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၆ ခုနှစ် က ကစားသမားဘဝကနေ အနားယူခဲ့တာပါ။ ဘိုင်ယန်မြူးနစ်စီအီးအို ရူမင်နစ်ဂီကတော့ ကလိုဆေးဟာ ပြီးခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ အတွင်းမှာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေက အသင်းရှိ တိုက်စစ်မှူးတွေအတွက် အကျိူးရှိလိမ့်မယ်လို့ ချီးကျူးခဲ့ပါတယ်။  ကလိုဆေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သွင်းဂိုး ၁၆ ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။
2 years Ago
Up