တာလီဘန်ခေါင်းဆောင်

February 19, 2020

နိုဘယ်ဆုရှင် မာလာလာကို သေနတ်နှင့်ပစ်ခဲ့သူ တာလီဘန်ခေါင်းဆောင် ထောင်မှ လွတ်မြောက်

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာကို သေနတ်နဲ့ပစ်ခဲ့တဲ့ တာလီဘန် ခေါင်းဆောင် အက်ဆန်နူလာအက်ဆန်ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်သွားပြီလို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက အတည်ပြုပါတယ်။ တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ်ဟောင်း အက်ဆန်က သူ လွတ်မြောက်သွားတာကို တွစ်တာမှာ ရေးသားခဲ့ပြီး ဒီလအစောပိုင်းမှာပဲ အသံ မက်ဆေ့ဂျ်ကို ပါကစ္စတန် မီဒီယာဆီ ပေးပို့ခဲ့တာပါ။ အက်ဆန်ကို ၃ နှစ်ကြာ ထိန်းသိမ်းထားတဲ့ ပါကစ္စတန် စစ်တပ်က မှတ်ချက်ပေးဖို့ ငြင်းဆန်ပေမယ့် ပြည်ထဲရေးဝန်ကြီး အီဂျက်ရှားက အဲဒီသတင်း မှန်ကန်တယ်လို့ ပြောပါတယ်။  တာလီဘန်ခေါင်းဆောင် အက်ဆန်ကို ပြန်ဖမ်းရာမှာ တိုးတက်မှုရှိလားဆိုတဲ့ မေးခွန်းကို ပြည်ထဲရေးဝန်ကြီးက သတင်းကောင်းကြားရမှာပါလို့ ပြန်ဖြေခဲ့ပါတယ်။  လွတ်မြောက်သွားသူ အက်ဆန်က သူဟာ ဇနီး၊ သားသမီးတွေနဲ့အတူ ပါကစ္စတန်ကနေ ထွက်သွားပြီး တူရကီနိုင်ငံကို ရောက်နေတယ်လို့ ရိုက်တာသတင်းထောက်ကို ဖုန်းနဲ့ ပြောပါတယ်။ အက်ဆန်က သူဟာ သဘောတူညီချက်နဲ့ ပါကစ္စတန် စစ်တပ်ကို လက်နက်ချခဲ့ပြီး အဲဒီသဘောတူညီချက်ကို ပါကစ္စတန်စစ်တပ် မလိုက်နာတဲ့နောက်မှာ သူဟာ ထွက်ပြေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။  အာဖဂန်-ပါကစ္စတန် နယ်စပ်တလျှောက် တရားဥပဒေစိုးမိုးမှုမရှိတဲ့  ဒေသတွေမှာ ပါကစ္စတန်စစ်တပ် စစ်ဆင်ရေးတွေ လုပ်ပြီးနောက်ပိုင်း မကြာသေးခင်လတွေမှာ တာလီဘန် တိုက်ခိုက်တာတွေ လျော့ကျလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

September 8, 2019

တာလီဘန်ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမေရိကန်သမ္မတ ပယ်ဖျက်

အာဖဂန်နစ္စတန်အခြေစိုက် တာလီဘန်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပယ်ဖျက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။  အမေရိကန်စစ်သား တယောက်နဲ့ နောက်ထပ်လူ ၁၁ ယောက် သေဆုံးခဲ့တဲ့  မြို့တော်ကဘူးလ်က တိုက်ခိုက်မှုတခုဟာ သူတို့လက်ချက်လို့ တာလီဘန်အဖွဲ့က ကြေညာပြီးတဲ့နောက်မှာ ထရမ့်က ဆွေးနွေးပွဲ ပယ်ဖျက်လိုက်တာပါ။  မေရီလန်းပြည်နယ် ဒေးဗစ်စခန်းမှာ တာလီဘန်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ လျှို့ဝှက်တွေ့ဆုံဖို့ ကနဦး စီစဉ်ထားတယ်လို့ ထရမ့်က ပြောပါတယ်။ ဒါ့အပြင် ထရမ့်ဟာ အာဖဂန်သမ္မတနဲ့လည်း တွေ့ဖို့ စီစဉ်ထားခဲ့တာပါ။  တာလီဘန်စစ်သွေးကြွအဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အာဖဂန်နစ္စတန် မြောက်ပိုင်းက ကန်ဒူခ်မြိုနဲ့ ပူလ်ခ် ခူမယီမြို့တွေမှာ တိုက်ခိုက်မှု အရှိန်မြှင့်တင်ခဲ့ပြီး မြို့တော် ကဘူးလ်မှာလည်း ကြီးမားတဲ့ အသေခံဗုံးခွဲမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။  စက်တင်ဘာလ ၅ ရက် ကဘူးလ်မြို့  အသေခံဗုံးခွဲမှုတခုမှာ အမေရိကန်တပ်ကြပ်ကြီး  တဦး သေဆုံးပြီး ဒီနှစ်အတွင်း အာဖဂန်မှာ သေဆုံးတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ဟာ  ၁၆ ဦးအထိ ရှိခဲ့ပါတယ်။  အာဖဂန်မှာ တာလီဘန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာတာက ငြိမ်းချမ်းရေး အားထုတ်မှုအတွက် အထောက်အကူမဖြစ်ဘူးလို့ အမေရိကန် အကြီးတန်း စစ်ဘက်တပ်မှူး တစ်ယောက်က စက်တင်ဘာ ၇ ရက်နေ့မှာ ပြောပါတယ်။  ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ကာတာနိုင်ငံ မြို့တော်ဒိုဟာမှာ ကျင်းပခဲ့ပြီး နောက်ဆုံး သဘောတူညီချက် ရလုနီးပါး ဖြစ်နေပြီလို့ တာလီဘန်အဖွဲ့က ပြီးခဲ့တဲ့လက ပြောကြားထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version တာလီဘန္ေခါင္းေဆာင္မ်ားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ အေမရိကန္သမၼတ ပယ္ဖ်က္ အာဖဂန္နစၥတန္အေျခစိုက္ တာလီဘန္ေခါင္းေဆာင္ေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို ပယ္ဖ်က္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က စက္တင္ဘာ ၇ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။ အေမရိကန္စစ္သား တေယာက္နဲ႔ ေနာက္ထပ္လူ ၁၁ ေယာက္ ေသဆုံးခဲ့တဲ့  ၿမိဳ႕ေတာ္ကဘူးလ္က တိုက္ခိုက္မႈတခုဟာ သူတို႔လက္ခ်က္လို႔ တာလီဘန္အဖြဲ႕က ေၾကညာၿပီးတဲ့ေနာက္မွာ ထရမ့္က ေဆြးေႏြးပြဲ ပယ္ဖ်က္လိုက္တာပါ။ ေမရီလန္းျပည္နယ္ ေဒးဗစ္စခန္းမွာ တာလီဘန္ထိပ္ပိုင္း ေခါင္းေဆာင္ေတြနဲ႔ လွ်ိဳ႕ဝွက္ေတြ႕ဆုံဖို႔ ကနဦး စီစဥ္ထားတယ္လို႔ ထရမ့္က ေျပာပါတယ္။ ဒါ့အျပင္ ထရမ့္ဟာ အာဖဂန္သမၼတနဲ႔လည္း ေတြ႕ဖို႔ စီစဥ္ထားခဲ့တာပါ။ တာလီဘန္စစ္ေသြးႂကြအဖြဲ႕ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းမွာ အာဖဂန္နစၥတန္ ေျမာက္ပိုင္းက ကန္ဒူခ္ၿမိဳနဲ႔ ပူလ္ခ္ ခူမယီၿမိဳ႕ေတြမွာ တိုက္ခိုက္မႈ အရွိန္ျမႇင့္တင္ခဲ့ၿပီး ၿမိဳ႕ေတာ္ ကဘူးလ္မွာလည္း ႀကီးမားတဲ့ အေသခံဗုံးခြဲမႈ ႏွစ္ႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။ စက္တင္ဘာလ ၅ ရက္ ကဘူးလ္ၿမိဳ႕  အေသခံဗုံးခြဲမႈတခုမွာ အေမရိကန္တပ္ၾကပ္ႀကီး  တဦး ေသဆုံးၿပီး ဒီႏွစ္အတြင္း အာဖဂန္မွာ ေသဆုံးတဲ့ အေမရိကန္တပ္ဖြဲ႕ဝင္ အေရအတြက္ဟာ  ၁၆ ဦးအထိ ရွိခဲ့ပါတယ္။ အာဖဂန္မွာ တာလီဘန္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြ ျမင့္တက္လာတာက ၿငိမ္းခ်မ္းေရး အားထုတ္မႈအတြက္ အေထာက္အကူမျဖစ္ဘူးလို႔ အေမရိကန္ အႀကီးတန္း စစ္ဘက္တပ္မႉး တစ္ေယာက္က စက္တင္ဘာ ၇ ရက္ေန႔မွာ ေျပာပါတယ္။ ၁၈ ႏွစ္ၾကာ အာဖဂန္စစ္ပြဲ အဆုံးသတ္ေရး ညႇိႏႈိင္းေဆြးေႏြးပြဲကို ကာတာႏိုင္ငံ ၿမိဳ႕ေတာ္ဒိုဟာမွာ က်င္းပခဲ့ၿပီး ေနာက္ဆုံး သေဘာတူညီခ်က္ ရလုနီးပါး ျဖစ္ေနၿပီလို႔ တာလီဘန္အဖြဲ႕က ၿပီးခဲ့တဲ့လက ေျပာၾကားထားပါတယ္။
2 years Ago
Up