တာလတ်ပစ်ဒုံးကျည်တလုံးကို အောင်မြင်စွာ စမ်းသပ်ပစ်ချနိုင်ခဲ့ဟု အမေရိကန်ပြော

July 31, 2017

တာလတ်ပစ်ဒုံးကျည်တလုံးကို အောင်မြင်စွာ စမ်းသပ်ပစ်ချနိုင်ခဲ့ဟု အမေရိကန်ပြော

အဝေးပစ်ဒုံးကျည်ကွယ်ရေးစနစ် စမ်းသပ်မှုမှာ တာလတ်ပစ်ဒုံးကျည်တလုံးကို အောင်အောင်မြင်မြင်နဲ့ ပစ်ချနိုင်ခဲ့တယ်လို့ အမေရိကန်က ဇူလိုင် ၃၀ ရက်နေ့မှာ ပြောပါတယ်။ ဒီလေ့ကျင့်မှုဟာ မြောက်ကိုရီးယားနဲ့ အီရန်တို့ကနေ တိုက်ခိုက်လာနိုင်ခြေ ရှိတာကြောင့် ကြိုတင်ပြင်ဆင်နေတာ ဖြစ်ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားရဲ့ နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသပ်မှုက  အမေရိကန်ကျွန်းမကြီးပေါ်ထိ ရောက်အောင် လှမ်းပစနိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်အောင်မြင်ခဲ့ပြီလို့ သက်သေပြနိုင်ခဲ့ပါတယ်။ အမေရိကန်ကလည်း သူတို့ရဲ့ အဝေးပစ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို မြောက်ကိုရီးယားက ဒုံးကျည်တွေ မစမ်းသပ်ခင်ကာလတည်းက သေသေချာချာ ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်ပါတယ်။ ဒုံးကျည်ကာကွယ်ရေး အေဂျင်စီက အမေရိကန်ဟာ အဝေးပစ်ဒုံးကျည်တွေကို ၁၅ ကြိမ်တိုင် အောင်မြင်စွာ စမ်းသပ်ကာကွယ်နိုင်ခဲ့ပြီလို့ ဇူလိုင် ၃၀ ရက်နေ့က ပြောပါတယ်။ ဇူလိုင်လဆန်းပိုင်းမှာ အမေရိကန်က တာဝေးပစ်နဲ့ တာလတ်ပစ် ဒုံးတွေ ကာကွယ်ရေးအတွက် သူတို့ရဲ့ အဝေးပစ်ဒုံးကျည်ကာကွယ်ရေးစနစ်ကို စတင်စမ်းသပ်နေခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up