တာမွေ

May 19, 2021

တာမွေမြို့နယ် အထက (၁) စာသင်ကျောင်းအနီး ဗုံးကွဲ

ရန်ကုန်မြို့၊ တာမွေမြို့နယ် အထက ၁ တာမွေ ကျောင်း‌ဘေးအပြင်ဘက် ကားဂိတ်နားမှာ  မေလ ၁၉ ရက် ညပိုင်းက  ဗုံး ၂  လုံး အချိန်အနည်းငယ်ခြားပြီး ပေါက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ည ၇ နာရီ ၅၅ မိနစ်မှာ တစ်လုံးပေါက်ခဲ့ပြီး  ၈ နာရီ ၂မိနစ်လောက်မှာ နောက်တစ်လုံးထပ်ပေါက်တာလို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။  အဲဒီကျောင်းနဲ့  UN ရုံးဟာလည်း မလှမ်းမကမ်းမှာရှိနေတာပါ။   ဗုံးပေါက်ကွဲမှု ပြင်းထန်တာကြောင့် ပေါက်ကွဲသံကို တာမွေကျောက်မြောင်းဘက်အထိ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ လက်ရှိမှာ သိရသလောက် အထက  ၁ အနီးဝန်းကျင်မှာ စစ်ကား ၃ စီး ထက်မနည်း ရှိနေပါတယ်။

အဝိုင်းထိပ်ဘက်ကိုလည်း စစ်ကောင်စီတပ် ကားကြီး ၁ စီး ရောက်ပြီး စောင့်နေတယ်လို့ တာမွေဒေသခံတွေက ဆိုပါတယ်။

Photo-BEHS 1 Tamwe

6 months Ago

April 21, 2021

တာမွေမြို့နယ် အန်အယ်လ်ဒီရုံးနှင့် ရုံးပိုင်‌ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အန်အယ်လ်ဒီပါတီရုံးနဲ့ ရုံးပိုင်ကား တစ်စီး  ဧပြီ ၂၁ ရက် မနက်အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ရုံးအဆောက်အအုံတစ်ခုလုံး မီးမလောင်ခဲ့ပေမယ့် ကားကတော့ တစ်စီးလုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။

အရပ်ဝတ်အကြမ်းဖက်လူတစ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီး သွားခဲ့တာလို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

7 months Ago
More News
Up