တာချီလိတ်မြို့ အမှတ် ၁ နှင့် ၂ ချစ်ကြည်ရေးတံတား

March 26, 2020

တာချီလိတ်မြို့ အမှတ် ၁ နှင့် ၂ ချစ်ကြည်ရေးတံတားတို့တွင် ပိုးသတ်ဆေးဖျန်း (ဓာတ်ပုံ)

COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ အမှတ် ၁ နဲ့ အမှတ်၂ ချစ်ကြည်ရေးတံတားတို့မှာ မနေ့ည ၇ နာရီက ပိုးသတ်ဆေးဖျန်းခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  ပိုးသတ်ဆေးဖျန်းတာကို တာချီလိတ်ခရိုင်မီးသတ်စခန်းက မီးသတ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
1 year Ago
Up