တာချီလိတ်မြို့

A d v e r t i s e m e n t With Us

September 6, 2020

တာချီလိတ်မြို့၌ ၈ လအတွင်း မူးယစ်ဆေး ကျပ်သန်းပေါင်း ၂ သိန်းဖိုး ဖမ်းမိဟု ကာချုပ်ပြော

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ အခုနှစ် ၈ လတာအတွင်း မူးယစ်ဆေး ကျပ်သန်းပေါင်း ၂ သိန်းဖိုးလောက် ဖမ်းမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ မနေ့က တာချီလိတ်မှာလုပ်တဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးနိုင်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုငွေပေးတဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ် ၃၁ ရက်အထိ တာချီလိတ်မြို့နယ်ထဲမှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက ဘိန်းဖြူ ၂၇ ဒသမ ၆၃ ကီလိုဂရမ်၊ ဘိန်းမဲ ၁ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၅,၆၉၄,၁၉၆ ပြား၊ အိုက်စ် ၁,၀၆၄ ဒသမ ၇ ကီလိုဂရမ်၊ ကတ်တမင်း ၁၂ ဒသမ ၃၅ ကီလိုဂရမ်နဲ့ တခြားမူးယစ်စေတတ်တဲ့ ဆက်စပ်ပစ္စည်းတွေ ၆,၅၈၈ ဒသမ ၆ ကီလိုဂရမ်၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၁၉၂ သိန်းကျော် (၁၉၂ ဒသမ ၆ ဘီလီယံကျော်) ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတာ များပြားရင် သုံးစွဲသူတွေ များလာမှာဖြစ်သလို မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေကတဆင့် ငွေကြေးအများကြီးရမှာဖြစ်ပေမယ့် မသန့်ရှင်းတဲ့ငွေတွေဖြစ်တယ်လို့လည်း ပြောပါတယ်။ သွားလာရေးအခက်အခဲတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးတာကို ကာကွယ်ဖို့ လိုအပ်တဲ့စားသောက်ကုန်၊ သုံးကုန်တွေကို ပြင်ပကနေ ဝယ်ယူတာထက် ဒေသတွင်းမှာပဲ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး လိုအပ်တာတွေကို တပ်မတော်က တတ်နိုင်သရွေ့ ကူညီမယ်လို့လည်း ပြောပါတယ်။ ပြီးတော့ လာမယ့်ရွေးကောက်ပွဲမှာ ဒေသနဲ့တိုင်းပြည်ကို အကျိုးပြုမယ့် ကိုယ်စားလှယ်ကောင်းတွေကို ပါတီတွေရဲ့ မူဝါဒတွေကိုကြည့်ပြီ၊ အုပ်ချုပ်သူ အစိုးရနှစ်ဆက် ဆယ်နှစ်တာ တွေ့ကြုံခဲ့တာတွေကို ဆင်ခြင်သုံးသပ်ပြီး ရွေးချယ်ဆန္ဒမဲပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။
6 months Ago

February 13, 2020

တာချီလိတ်မြို့တွင် ၂ ရက်ဆက်တိုက် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး တရုတ်လူမျိုး ၁ ဦးသေဆုံး

မြန်မာ- ထိုင်းနယ်စပ် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ နှစ်ရက်ဆက်တိုက် သေနတ် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒီနေ့ ပစ်ခတ်မှုမှာတော့ လူတစ်ဦးသေဆုံးသွားပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်ပိုင်းမှာ နေအိမ်ရှေ့ ကားပေါ်ကဆင်းလာတဲ့သူတစ်ဦးကို မျက်နှာချင်းဆိုင်ကားပေါ်က သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူဟာ တာချီလိတ် ဆန်ဆိုင်း(က)ရပ်ကွက် ထွန်းလင်းရောင် Night Club ဟောင်းဘေး နေအိမ်မှာ နေထိုင်တဲ့ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး သူ့ကို သေနတ်နဲ့ ၅ ချက်လောက် ဆက်တိုက်ပစ်ခတ်သွားတာပါ။ ပစ်ခတ်ခံရသူဟာ လောက်ကိုင်ဘက်က လာရောက်ပြောင်းရွေ့နေထိုင်တဲ့ တရုတ်လူမျိုးဖြစ်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ အဆိုပါသေနတ်ပစ်ခတ်မှုနဲ့ ပါတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက လိုက်လံ စုံစမ်းနေပြီး မနေ့ကလည်း 1G1 ဟိုတယ်ရှိနတ်စင်ကို သေနတ်နဲ့ပစ်ခတ်သွားသူရဲ့နေအိမ်ကနေ မူးယစ်ဆေးဝါးတွေနဲ့  ဂိမ်းစက်တွေကို ဖမ်းမိခဲ့ပြီး တရားခံကိုတော့ ဖမ်းမိခြင်းမရှိသေးပါဘူး။ သတင်း- ကိုဇက်
1 year Ago
More News
Up