တာချီတလိတ်

A d v e r t i s e m e n t With Us

April 20, 2020

COVID-19 လူနာသစ် ၆ ဦးထပ်တွေ့၊ အတည်ပြုလူနာ စုစုပေါင်း ၁၁၇ ဦးအထိရှိလာ

မြန်မာပြည်တွင်း ကလေးမြို့နယ်၊ တီးတိန်မြို့နယ်နဲ့  တာချီလိတ်မြို့နယ်တို့မှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၆ ဦးထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၀ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ အဆိုပါ လူနာသစ် ၆  ဦးကတော့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က အမျိုးသား ၃ ဦးနဲ့ ၁၀ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့  ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတဦးတို့ ဖြစ်ကြပါတယ်။  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဒီကနေ့ ပထမအသုတ်အဖြစ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၈၁ ခုအနက် ၆ ဦးမှာ  COVID-19 ရောဂါပိုးတွေ့ရှိရတာဖြစ်ပြီး ကျန်သူတွေကတော့ ရောဂါပိုးမတွေ့ရှိဘူးလို့ ဆိုပါတယ်။ ဒီကနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၁၇  ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိပါတယ်။  ဓာတ်ခွဲအတည်ပြုလူနာတွေထဲက  ရောဂါပိုးကင်းစင်သူ ၉ ဦးရှိလာခဲ့ပြီး ဆေးရုံကဆင်းသူ စုစုပေါင်း  ၆ ဦးရှိတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- MOHS
11 months Ago
Up