တာချီလိတ်လေဆိပ်

June 27, 2018

လေယာဉ်ပြေးလမ်း ရေလွှမ်းမိုးသဖြင့် တာချီလိတ်လေဆိပ် ပိတ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်မြို့မှာရှိတဲ့ လေဆိပ် လေယာဉ်ပြေးလမ်း ရေလွှမ်းမိုးနေလို့ ဇွန် ၂၇ ရက် ဒီနေ့မှာ လေဆိပ်ကို ယာယီပိတ်ထားရကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ တာချီလိတ်မြို့မှာ ဇွန် ၂၆ ရက်က  မိုးရေချိန် ၆ ဒသမ ၅၇ လက်မ ရွာသွန်းခဲ့လို့  တာချီလိတ်လေဆိပ် လေယာဉ်ပြေးလမ်းမှာ ရေ ၃ လက်မလောက် မြင့်တက်လာတဲ့အတွက် ယာယီပိတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒီနေ့ ရာသီဥတုအခြေအနေအရတော့ လေဆိပ်ပိတ်ချိန် ထပ်တိုးနိုင်တယ်လို့ အုပ်ချုပ်ရေးမှူးရုံးသတင်းမှာ ဖော်ပြပါတယ်။ လေယာဉ်ပြေးလမ်းပေါ်က ရေတွေ ပြန်လည်ကျဆင်းသွားအောင် လေကြောင်းဦးစီးဌာန ၀န်ထမ်းတွေ လေဆိပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ လေယာဉ်ပြေးလမ်းရှိ ရေလွှမ်းမိုးမှုဟာ တဝက်လောက် ပြန်လည်ကျဆင်းသွားပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ - လေကြောင်းဦးစီးဌာန
3 years Ago
Up