တဦးချင်းအမှား

September 27, 2020

ဝက်စ်ဘရွန်းနှင့်ပွဲ ခံစစ်ပိုင်း တဦးချင်းအမှားများ ချဲလ်ဆီးနည်းပြ သတိပေး (ရုပ်သံဟိုက်လိုက်)

ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ တစ်ဦးချင်းအမှားတွေရှိခဲ့တဲ့ အသင်းခံစစ်ပိုင်းကို ချဲလ်ဆီးနည်းပြ လမ်းပတ်က သတိပေးစကားဆိုလိုက်ပါတယ်။  ချဲလ်ဆီးအသင်းဟာ တန်းတက်ဝက်စ်ဘရွန်းကို ပထမပိုင်းမှာပဲ ၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာပါ။  ဒုတိယပိုင်းရောက်မှသာ မေဆန်မောင့်၊ ဟန်ဆန်အိုဒွိုင်းနဲ့ တမ်မီအီဗရာဟမ်တို့က ချေပဂိုး သုံးဂိုးသွင်းယူပေးခဲ့တာပါ။  ပေးလိုက်ရတဲ့ သုံးဂိုးမှာ မားကို့စ်အလွန်ဆိုနဲ့ သီယာဂို ဆေးလ်ဗားတို့ရဲ့ အမှားတွေ ရှိခဲ့ပြီး ပြန်လာနိုင်ဖို့ ခက်ခဲစေခဲ့တယ်လို့ လမ်းပတ်က ပြောပါတယ်။  ဝက်စ်ဘရွန်းအသင်းကို လေးစားမှုရှိပေမယ့် ရမှတ် ၂ မှတ် ဆုံးရှုံးသွားခဲ့ရတာဖြစ်ပြီး တစ်ဦးချင်း အမှားတွေလုပ်နေမယ်ဆိုရင် တောင်ပေါ်တက်နေရသလို ခက်ခဲလိမ့်မယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။  ပွဲပြီးခါနီးမှာ ချေပဂိုးသွင်းခဲ့တဲ့ တမ်မီအီဗရာဟမ်ကတော့  မဖြစ်သင့်တဲ့ အမှားတွေရှိခဲ့ပေမယ့် စုစည်းညီညွတ်မှုရှိရှိနဲ့ တစ်ဦးကို တစ်ဦး အားပေးသွားကြဖို့ လိုအပ်တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ 
8 months Ago
Up