တဦးချင်းအမှားကြောင့် ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ဟု အာစင်ဝင်းဂါး ပြော

January 31, 2018

တဦးချင်းအမှားကြောင့် ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ဟု အာစင်ဝင်းဂါး ပြော

တဦးချင်းအမှားတွေကြောင့် ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆွမ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဦးဆောင်ဂိုးရခဲ့ပေမယ့် နောက်တန်းက ဂိုးသမားကို ပြန်ပေးရာကတဆင့် ဂိုးပေးခဲ့ရပြီး နောက်တန်းနဲ့ ဂိုးသမား အမှားများခဲ့လို့ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒါဟာ အာရုံစူးစိုက်မှု မရှိတာကို ပြသနေပြီး အဲဒီအမှားတွေက ပွဲရဲ့ အဆုံးအဖြတ် ဖြစ်သွားခဲ့တယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။ ပေးလိုက်ရတဲ့ဂိုးတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို တောင်းပန်ကြောင်းနဲ့ နောက်ပွဲမှာ ပိုကြိုးစားကစားမယ်လို့ အာဆင်နယ်ဂိုးသမား ပီတာဆက်ခ်ျက သူ့ရဲ့ တွစ်တာစာမျက်နှာကနေ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဆွမ်ဆီးနဲ့ပွဲမှာ ရှုံးခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့်လေးအတွင်း ဝင်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
4 years Ago
Up