တအာင်းပ​လောင် အမျိုးသားပါတီ

November 11, 2020

နမ့်ခမ်းမြို့နယ်၌ တအာင်းပ​လောင် အမျိုးသားပါတီ အပြတ်သတ်အနိုင်ရ

ရှမ်းပြည်နယ်​မြောက်ပိုင်း၊ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်မှာ တအာင်းပ​လောင် အမျိုးသားပါတီက အပြတ်သတ် အနိုင်ရရှိ​​ကြောင်း  မြို့နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင် ထုတ်ပြန်ချက်အရ  သိရပါတယ်။ တအာင်း (ပ​လောင်) ပါတီက နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်​တော် မဲဆန္ဒနယ်မှာ ဦးထွန်း​ကျော်၊ ပြည်နယ်လွှတ်​တော် မဲဆန္ဒနယ် အမှတ် (၁) မှာ ဦး​အေး​မောင်၊ ပြည်နယ်လွှတ်​တော် မဲဆန္ဒနယ် အမှတ် (၂) မှာ ​ဒေါ်အိုင်​စောစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်​တော် မဲဆန္ဒနယ် အမှတ် (၅) မှဦ ဦးအိုက်မွန်း တို့အနိုင်ရရှိသွားတာဖြစ်ပါတယ်။ နမ့်ခမ်းမြို့နယ်မှာ မဲ​ပေးခွင့်ရှိသူ ၈၆၆၃၄ ဦးရှိပြီး ပြည်သူ့လွှတ်​တော်မှာ ကိုယ်စားလှယ်​လောင်း ၅ ဦး၊ အမျိုးသားလွှတ်​တော်မှာ ၇ ဦး၊ ပြည်နယ်လွှတ်​တော် အမှတ် (၁) မှာ ၆ ဦးနဲ့ ပြည်နယ်လွှတ်​တော် အမှတ် (၂) မှာ ၅ ဦး အသီးသီး ဝင်​ရောက် ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ နိုင်ငံပါတီ ၇ ပါတီဖြစ်​တဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ၊ ပြည်​ထောင်စု ​ကောင်းကျိုး​ဆောင်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုက​ရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ တအာင်းပ​လောင် အမျိုးသားပါတီ၊ ကချင်အမျိုးသားပါတီတို့က ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ၁ ဦး တို့ဝင်ပြိုင်ကြတာ ဖြစ်ပါတယ်။ Pra Jaw
1 year Ago
Up