တလုပ်ပင်ကျေးရွာ မူလတန်းကျောင်း

June 2, 2021

တောင်တွင်းကြီးမြို့နယ် တလုပ်ပင်ကျေးရွာ မူလတန်းကျောင်း မီးလောင်

မကွေးတိုင်း၊ တောင်တွင်းကြီးရဲ့ အနောက်ဘက် ၅ မိုင်ခန့်ကွာဝေးတဲ့ တလုပ်ပင်ကျေးရွာက အ.မ.က ကျောင်းမှာ ဇွန်လ ၁ ရက် ည ၁၂ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဒေသခံကျေးရွာသားတစ်ဦးက “ကျောင်းကို ရောက်သွားကြတော့ ကျောင်းရဲ့ရှေ့ ဝရန်တာမှာ ပုံထားတဲ့ ပျဉ်ပုံမှာ လောင်နေတာ။ မီးတောက်က မြင့်တော့ မျက်နှာကြက်တော့ နည်းနည်းလောင်သွားတယ်။ အခုမနက် စစ်သားနဲ့ရဲတွေ ရောက်လာပြီး သူတို့ထင်တဲ့ ကျနော်တို့ ရွာသားကို ဖမ်းဖို့လုပ်တယ်။ သူက ကြိုသိတော့ ရှောင်သွားတယ်။ ဒါပေမဲ့ သူ့ မိသားစုကိုတော့ မီးလောင်တဲ့ အ.မ.က ကျောင်းထဲမှာခေါ်ထားတယ်လို့ သိရတယ်။ ကျနော့်အထင်တော့ ကျနော်တို့ ရွာသားက  အဲ့လိုယုတ်ညံ့တဲ့အလုပ်မျိုးတော့ မလုပ်လောက်ဘူးလို့ထင်တယ်။ ကျနော်တို့ ရွာသား မဖြစ်နိုင်ပါဘူး။'' လို့ ပြောပါတယ်။

တလုပ်ပင်ကျေးရွာ အ.မ.က ကျောင်းမှာ ဇွန်လ ၁ ရက်ကစလို့  ကျောင်းပြန်ဖွင့်ရာမှာ ကျောင်းသားအင်အား ပြီးခဲ့တဲ့နှစ်တွေကနီးပါး ကျောင်းတက်ရောက်တယ်လို့ သိရပါတယ်။

8 months Ago
Up