တလုတ္ထော်စျေး

A d v e r t i s e m e n t With Us

April 5, 2020

တလုတ္ထော်စျေးက အမှိုက်များ ပရဟိတလူငယ်အဖွဲ့များ ရှင်းလင်း

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်စျေးမှာ အမှိုက်ပစ်စရာနေရာ မရှိတာကြောင့် ကြုံသလိုပစ်ထားတဲ့ မမှိုက်တွေကို ချင်းကုန်းပရဟိတလူငယ်အဖွဲ့နဲ့ တလုတ္ထော် ပရဟိတလူငယ်အဖွဲ့တွေ ပူးပေါင်းပြီး ဧပြီလ ၃ ရက်နေ့က ရှင်းလင်းခဲ့ကြပါတယ်။ "တလုတ္ထော်စျေးမှာ အမှိုက်ပစ်စရာ နေရာသတ်မှတ်ထားတာ မရှိတော့ ကြုံသလို အမှိုက်ပစ်ထားကြတာ အမှိုက်တွေက အပုံလိုက်ကြီး ဖြစ်နေတာ။ အဲဒီအမှိုက်တွေကို ချင်းကုန်း ပရဟိတလူငယ်အဖွဲ့နဲ့ ကျနော်တို့အဖွဲ့ ဝိုင်းဝန်းရှင်းလင်းကြတာပါ” လို့ တလုတ္ထော်မြို့ တိုးတက်ရေးအဖွဲ့ခေါင်းဆောင် ကိုကျော်ရဲခေါင်က ပြောပါတယ်။ တလုတ္ထော်စျေးမှာ အမှိုက်တွေ ရှင်းလင်းရာမှာ စည်ပင်ဌာနက အမှိုက်သယ် သုံးဘီးယာဉ် တစီး ကူညီခဲ့ပြီး အလုပ်သမား ၃ ဦး ငှားရမ်းပေးခဲ့ပါတယ်။ တလုတ္ထော်မြို့ တလုတ္ထော်စျေးမှာ ဟင်္သာတမြို့၊ စည်ပင်သာယာရေးဌာန လက်အောက်ရှိ စည်ပင်စျေးတခုဖြစ်ပြီး အမှိုက်ပစ်ဖို့ နေရာမရှိတာကြောင့် စျေးသည်တွေ အခက်တွေ့နေပါတယ်။
11 months Ago
Up