တရုတ်-ဟောင်ကောင်တို့

September 11, 2019

တရုတ်-ဟောင်ကောင်တို့နှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုရပ်တန့်ရန် ဂျာမနီကို ဂျိုရှုဝေါင် တိုက်တွန်း

တရုတ်-ဟောင်ကောင်တို့နဲ့ ကုန်သွယ်ရေး ညှိနှိုင်းနေတာရပ်တန့်ပြီး ဟောင်ကောင်မှာ ဒီမိုကရေစီရရှိရေး ထောက်ခံအားပေးတဲ့နေရာမှာ ပိုတက်ကြွတဲ့ အခန်းကဏ္ဍကိုယူဖို့ ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ဂျိုရှုဝေါင်က ဂျာမနီအစိုးရကို စက်တင်ဘာ ၁၀ ရက်မှာ တိုက်တွန်း လိုက်ပါတယ်။ “လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်မယ့် ပိုင်းဖြတ်ချက်နဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပရေးကို သူတို့ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး ဒီသက်ရောက်မှုက ကျနော်ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး” လို့ ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ဂျိုရှုဝေါင်က ပြောပါတယ်။  ဂျိုရှုဝေါင်နဲ့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဟိုက်ခိုမားတို့ တွေ့ဆုံအပြီး အင်္ဂါနေ့မှာ တရုတ် အစိုးရက ဒေါသထွက်ကြောင်း ပြခဲ့ပါတယ်။ တရုတ် ပြည်တွင်းရေးကို ဝင်စွက်ဖက်ဖို့ ဘယ်နိုင်ငံခြား တိုင်းပြည်မှာမှ အခွင့်အရေး မရှိဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက အဲဒီနေ့မှာပဲ ပြောပါတယ်။ ဝေါင်ကတော့ လွတ်လပ်ရေး ရွေးကောက်ပွဲတွေ ကျင်းပခွင့်ရရေး ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။  ဝေါင်ကို ဂျာမနီနိုင်ငံဆီ လည်ပတ်ခွင့်နဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ခွင့်ပေးခဲ့တဲ့အတွက် ဂျာမနီအစိုးရကို လုံးဝဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟွာချွန်းယဉ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။  ဂျာမနီအစိုးရက ကတိတွေကို လိုက်နာဖို့နဲ့ ဟောင်ကောင် ခွဲထွက်ရေးသမားတွေကို သတင်းမှားတွေ ပေးတာမျိုး ရှောင်ရှားဖို့လည်း တရုတ်အစိုးရက တိုက်တွန်းတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာဥပဒေ အခြေခံမူတွေကို လိုက်နာဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး အကျိုးရှိရှိ လုပ်ဆောင်ဖို့၊ ဆက်ဆံရေးကို ဖျက်ဆီးသူမဖြစ်စေဖို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းတယ်လို့ ဟွာချွန်းယဉ်က ပြောပါတယ်။
တ႐ုတ္-ေဟာင္ေကာင္တို႔ႏွင့္ ကုန္သြယ္ေရး ညႇိႏႈိင္းမႈရပ္တန႔္ရန္ ဂ်ာမနီကို ဂ်ိဳရႈေဝါင္ တိုက္တြန္း DVB တ႐ုတ္-ေဟာင္ေကာင္တို႔နဲ႔ ကုန္သြယ္ေရး ညႇိႏႈိင္းေနတာရပ္တန႔္ၿပီး ေဟာင္ေကာင္မွာ ဒီမိုကေရစီရရွိေရး ေထာက္ခံအားေပးတဲ့ေနရာမွာ ပိုတက္ႂကြတဲ့ အခန္းက႑ကိုယူဖို႔ ေဟာင္ေကာင္ တက္ႂကြလႈပ္ရွားသူ ဂ်ိဳရႈေဝါင္က ဂ်ာမနီအစိုးရကို စက္တင္ဘာ ၁၀ ရက္မွာ တိုက္တြန္း လိုက္ပါတယ္။ “လြတ္လပ္ေရးနဲ႔ ဒီမိုကေရစီ အတြက္ တိုက္ပြဲဝင္မယ့္ ပိုင္းျဖတ္ခ်က္နဲ႔ လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲ က်င္းပေရးကို သူတို႔ ဘယ္ေတာ့မွ ဖ်က္ဆီးႏိုင္မွာ မဟုတ္ဘူး ဒီသက္ေရာက္မႈက က်ေနာ္ကို ၿခိမ္းေျခာက္ႏိုင္မွာ မဟုတ္ဘူး” လို႔ ေဟာင္ေကာင္ တက္ႂကြလႈပ္ရွားသူ ဂ်ိဳရႈေဝါင္က ေျပာပါတယ္။ ဂ်ိဳရႈေဝါင္နဲ႔ ဂ်ာမန္ ႏိုင္ငံျခားေရး ဝန္ႀကီး ဟိုက္ခိုမားတို႔ ေတြ႕ဆုံအၿပီး အဂၤါေန႔မွာ တ႐ုတ္ အစိုးရက ေဒါသထြက္ေၾကာင္း ျပခဲ့ပါတယ္။ တ႐ုတ္ ျပည္တြင္းေရးကို ဝင္စြက္ဖက္ဖို႔ ဘယ္ႏိုင္ငံျခား တိုင္းျပည္မွာမွ အခြင့္အေရး မရွိဘူးလို႔ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရက အဲဒီေန႔မွာပဲ ေျပာပါတယ္။ ေဝါင္ကေတာ့ လြတ္လပ္ေရး ေ႐ြးေကာက္ပြဲေတြ က်င္းပခြင့္ရေရး ဆက္ၿပီး တိုက္ပြဲဝင္သြားမယ္လို႔ ေျပာပါတယ္။ ေဝါင္ကို ဂ်ာမနီႏိုင္ငံဆီ လည္ပတ္ခြင့္နဲ႔ ႏိုင္ငံျခားေရး ဝန္ႀကီးနဲ႔ ေတြ႕ခြင့္ေပးခဲ့တဲ့အတြက္ ဂ်ာမနီအစိုးရကို လုံးဝဆန႔္က်င္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ ဟြာခြၽန္းယဥ္က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။ ဂ်ာမနီအစိုးရက ကတိေတြကို လိုက္နာဖို႔နဲ႔ ေဟာင္ေကာင္ ခြဲထြက္ေရးသမားေတြကို သတင္းမွားေတြ ေပးတာမ်ိဳး ေရွာင္ရွားဖို႔လည္း တ႐ုတ္အစိုးရက တိုက္တြန္းတယ္လို႔ ဆိုပါတယ္။ ႏိုင္ငံတကာဥပေဒ အေျခခံမူေတြကို လိုက္နာဖို႔နဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရး အက်ိဳးရွိရွိ လုပ္ေဆာင္ဖို႔၊ ဆက္ဆံေရးကို ဖ်က္ဆီးသူမျဖစ္ေစဖို႔ ဂ်ာမန္ ႏိုင္ငံျခားေရးဝန္ႀကီးကို တိုက္တြန္းတယ္လို႔ ဟြာခြၽန္းယဥ္က ေျပာပါတယ္။
2 years Ago
Up