တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားက ခေါင်းဆောင်တွေ တက်ရောက်တဲ့ သုံးနိုင်ငံ ထိပ်သီးအစည်းအဝးမှာ ကုန်သွယ်ရေးမြှင့်တင်ဖို့နဲ့ လွတ်လပ်စွာကုန်သွယ်ရေးကို အားပေးထောက်ခံသွားကြဖို့ ကတိပြုခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၄ရက်က တရုတ်နိုင်ငံ ချန်ဒုမြို့မှာ တရုတ်ဝန်ကြီးချုပ် ခါ့ချိန်၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေတို့နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ သုံးပွင့်ဆိုင်တွေ့ဆုံခဲ့ကြတာပါ။
တရုတ်ဝန်ကြီးချုပ် လီခါ့ချိန်က တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်တည်ထောင်ဖို့ အကြံပြုပြောခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်တို့က တရုတ်ကျောထောက်နောက်ခံပေးထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ဖြစ်တဲ့ Regional Comprehensive Economic Partnership (RCEP) ကို ထောက်ခံသွားမယ်လို့ အခိုင်အမာပြောခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးမှာတော့ တောင်ကိုရီးယားနဲ့ ဂျပန်အကြား ကုန်သွယ်ရေး အငြင်းပွားမှုကိစ္စ အပြင် မြောက်ကိုရီးယား အရေးကိုလည်း ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် သုံးပွင့်ဆိုင် အစည်းအဝေးမတိုင်မီ မွန်ဂျေအင်နဲ့ ရှင်ဇိုအာဘေးတို့ဟာ ဒီဇင်ဘာ ၂၃ရက်က မြို့တော်ဘေဂျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးက ကျန်အရာတွေထက် ပိုအရေးကြီးတယ်လို့ မွန်ဂျေအင်က ရှီကျင့်ဖျင်ကို ပြောပါတယ်။
1 year Ago