အများပြည်သူဆိုင်ရာနေရာတွေမှာ သွားလာနေသူတွေကို ခြေရာခံဖို့ တရုတ်အာဏာပိုင်တွေဟာ အချက်အလက်ကောက်ခံတာတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။
ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဖို့ ကြိုးပမ်းတာဖြစ်ပေမယ့် တကိုယ်ရည် လွတ်လပ်ခွင့်အပေါ် စိုးရိမ်တာတွေမြင့်တက်နေပါတယ်။
လူဦးရေ ၃၅၈ သန်းကျော်ရှိရာ ပြည်နယ် ၁၅ ခုနဲ့ မြို့တွေမှာ အဲဒီအချက်အ လက်ကောက်ခံရေးအစီအစဉ်ကို ဒီလထဲမှာ လုပ်မယ်ဆိုပြီး ကြေညာထားပါတယ်။
အဲဒီအတွက် မျက်နှာဖတ်တာမျိုး၊ ဖုန်းအချက်အလက်ခြေရာခံတာမျိုး စတဲ့ စောင့်ကြည့်ရေးကိရိယာတွေကို အသုံးပြုနေကြပါပြီ။
အခုဆိုရင် အများပြည်သူဆိုင်ရာနေရာတွေဆီ လာရောက်သူတွေကို မိုဘိုင်းဖုန်းအသုံးပြုပြီး QR codes တွေ စကင်ဖတ်ခိုင်းတာမျိုး၊ သူတို့ရဲ့ ခရီးသွားရာဇဝင်တွေ၊ ကိုယ်အပူချိန်တွေကို ဖောင်ဖြည့်ရတာမျိုးတွေ လုပ်ဆောင်ခိုင်းနေပါတယ်။
တချို့ဒေသတွေမှာ အလီဘာဘာဂရုပ်တီထွင်ထားတဲ့ အလီပေးနဲ့ တန်းစန့်ဟိုးဒင်း ဖန်တီးတဲ့ We Chat အပလီကေးရှင်းတွေကို သုံးဖို့ ဒေသခံတွေကို ညွှန်ကြားထားပါတယ်။
ဒါပေမဲ့ ထပ်တိုးအစီအစဉ်တွေဟာ တကိုယ်ရည်လွတ်လပ်ခွင့်အပေါ်အငြင်းအခုံ များစေ တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
12 months Ago