တရုတ်အမျိုးသား

November 3, 2019

ဦးခေါင်းဒဏ်ရာကြောင့် ကလေးဘဝပုံစံအတိုင်း ရှိနေသေးသည့် တရုတ်အမျိုးသား

ငယ်ရွယ်နုပျိုပြီး ကလေးဆန်တဲ့ ပုံစံမျိုးကို အားလုံးနီးပါးက သဘောကျ နှစ်သက်ကြပါလိမ့်မယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံက အသက် ၃၄ နှစ်အရွယ် ဇူတော့ မပါပါဘူး။  လက်ရှိအချိန်မှာ ဇူဟာ သူ့အသက်ရဲ့ တဝက်လောက်သာ ထင်ရတဲ့ ပုံစံမျိုးကို ပိုင်ဆိုင်ထားပေမယ့် ဒီပုံစံကြောင့်ပဲ အားလုံးက သူ့ကို ကလေးတဦးလို့ ထင်နေကြပါတယ်။ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ နေထိုင်တဲ့ ဇူရဲ့ပြဿနာဟာ သူ့အသက် ၆ နှစ်အရွယ်မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ တခြားကလေးတွေနဲ့ ဆော့ကစားနေခဲ့ပြီး ကျောက်ခဲတခဲက သူ့ခေါင်းကို မတော်တဆ လာထိမှန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဇူရဲ့ခေါင်းဟာ သွေးလုံးဝမထွက်ခဲ့ပေမယ့် သူဟာ သုံးရက်ဆက်တိုက် ဖျားခဲ့တာကြောင့် ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ သူ့မိဘတွေက ပြောပါတယ်။  ဆေးရုံရောက်တဲ့အခါမှာ သူ့ဦးနောက်ထဲမှာ သွေးခဲနေတာကို တွေ့ခဲ့ရပြီး အရေးပေါ် ခွဲစိတ်ခဲ့ရပါတယ်။ ဒီခွဲစိတ်မှုပြီးတဲ့အချိန်မှာ ဇူရဲ့ အခြေအနေဟာ သာမန်အတိုင်း ပြန်ဖြစ်သွားခဲ့ပေမယ့် သူ့အသက် ၉ နှစ်အရွယ်မှာတော့ သူ့မိဘတွေက တစုံတရာကို သတိပြုမိခဲ့ပါတယ်။ အဲဒါကတော့ ဇူဟာ တခြားကလေးတွေနဲ့ ယှဉ်ရင် ဖွံ့ဖြိုးမှု မရှိတာပါပဲ။ တကယ်တမ်းမှာလည်း ဇူဟာ ခွဲစိတ်မှုပြီးကတည်းက စစ်ဆေးမှုတွေအရတော့   ကျောက်ခဲထိမှန်မှုမှာ ဇူဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ pituitary ဂလင်းတွေ ပျက်စီးသွားခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆယ်စုနှစ် နှစ်စုကျော်အကြာ သူ့အသက် ၃၄ နှစ်အရွယ်မှာတောင် ဇူဟာ က လေးတဦးအတိုင်းပဲရှိနေပြီး သူ့မျက်နှာမှာအမွေးအမျှင်လုံးဝမရှိကာ သူ့အသံဟာလည်း ကလေးတဦးရဲ့ အသံလိုပဲဖြစ်နေပါတယ်။  ဒါ့ကြောင့် သူ့ကိုမသိတဲ့ သူစိမ်းတစ်ယောက်က မြင်ရင် ဇူကို ကလေးငယ်တဦးအဖြစ်သာ ရှုမြင်မှာဖြစ်ပြီး တကယ်တမ်းမှာလည်း သူ့ရဲ့ခန္ဓာကိုယ်တခုလုံးဟာ ကလေးငယ်တဦးရဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။  “ကျနော့်ရဲ့ခန္ဓာကိုယ်ဟာ လူကြီးတဦးလို ပြောင်းလဲလာခြင်း မရှိသေးဘူးလေ။ ဒါ့ကြောင့် ကျနော် အိမ်ထောင်လည်း ပြုလို့မရဘူး”  လို့ ဇူက ပြောပါတယ်။  ဇူတင်မဟုတ်ဘဲ သူ့ကို ကုသပေးတဲ့ ဆရာဝန်တွေဟာလည်း ဒီအခြေအနေကို ဘာမှတတ်နိုင်ခြင်း မရှိခဲ့ပါဘူး။  ဒါပေမဲ့ ဘဝကို အရှုံးမပေးတဲ့ဇူဟာ သူ့အခြေအနေကို အကောင်းဆုံးရင်ဆိုင်နေပါတယ်။ “ကျနော်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေက တနေ့ကျရင် အဘိုးကြီး အဘွားကြီးတွေ ဖြစ်ပြီးတော့ အသားအရေတွေ တွဲနေကြလိမ့်မယ်လေ။ ဒါပေမဲ့ ကျနော်ကတော့ အမြဲတမ်း အပြစ်ကင်းစင်တဲ့ ကလေးမျက်နှာလေးအတိုင်း ရှိနေဦးမှာပေါ့” လို့ ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့ ဇူက သူ့ရဲ့အခြေအနေကို ဟာသလုပ်ပြောဆိုခဲ့ပါတယ်။  Ref: OC
2 years Ago

August 31, 2019

တင်ပါးထဲ အပ်များ ကာလကြာရှည် စိုက်ဝင်နေသည့် တရုတ်အမျိုးသား

တင်ပါးအတွင်းက နာကျင်မှုဒဏ် ကာလရှည်ခံစားနေရတဲ့ အမျိုးသားတဦးရဲ့ တင်ပါးထဲမှာ အဝတ်ချုပ်အပ် ၈ ချောင်းလောက် စိုက်ဝင်နေတာကို တွေ့ခဲ့ရတယ်လို့ OC သတင်းမှာ ဩဂုတ် ၂၈ ရက်နေ့က ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ ချန်းရှာပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီအမျိုးသားရဲ့ နာမည်ကတော့ ချန်းပါ။  ချန်းဟာ တင်ပါးအတွင်းပိုင်းက နာကျင်တဲ့ ဝေဒနာကို ပြီးခဲ့တဲ့နှစ်တွေကတည်းက စတင်ခံစားခဲ့ရတာ ဖြစ်ပါတယ်။  ဒီဝေဒနာဟာ ပြေးရင် ပိုဆိုးလာလေ့ရှိပြီး ဘာကြောင့်လဲဆိုတာလဲ မသိခဲ့ရပါဘူး။ အလုပ်များလွန်းတဲ့ ချန်းဟာ ဒီဝေဒနာအတွက် ဆေးရုံတွေ ဘာတွေ သွားစစ်ခဲ့တာမျိုး မရှိဘဲ ဒီအတိုင်း နေနေခဲ့ရင်းက မကြာသေးခင်မှာတော့ ဆရာဝန်တဦးထံရောက်ရှိခဲ့ပါတယ်။  သူ့ဝေဒနာကို ပြောပြပြီး ဓာတ်မှန်ရိုက်တာတွေ ဘာတွေ လုပ်ဆောင်ပြီးချိန်မှာတော့ ရလဒ်ကြောင့် ချန်းနဲ့ ဆရာဝန်ပါ အံ့အားသင့်ခဲ့ရပါတယ်။  အကြောင်းကတော့ ချန်းရဲ့ ညာဘက်တင်ပါးထဲမှာ အဝတ်ချုပ်တဲ့အပ် ရှစ်ချောင်းထက်မနည်း ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ်။  ဒီအပ်တွေက သူ့ကြွက်သားတွေထဲကို စိုက်ဝင်နေခဲ့တာဖြစ်ပြီး ဒါ့ကြောင့်ပဲ ပြေးလွှားတဲ့ အချိန်မှာ ပိုမိုနာကျင်ရတာပါ။  ဒီဖြစ်ရပ်အတွက် ချန်းကို ဆရာဝန်က လိုအပ်တဲ့ မေးမြန်းမှုတွေ လုပ်တဲ့အချိန်မှာတော့ ဒါဟာ အမှိုက်ပုံတခုထဲ ချော်လဲခဲ့ရာကနေ ဖြစ်ခဲ့တာလို့ ချန်းက ပြောပါတယ်။  အသက် ၅၅ နှစ်အရွယ်ချန်းဟာ အရင်တုန်းက သူ့အလုပ်မှာရှိတဲ့ အမှိုက်ပုံထဲမှာ ချော်လဲခဲ့ဖူးပြီး အဲဒီကနေ သူ့တင်ပါးမှာ အပ်တွေစိုက်ခဲ့ပါတယ်။ စိုက်နေတဲ့ အပ်တွေကို သူကိုယ်တိုင် ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ပြီး ဒီလိုမျိုး အသားထဲ ရောက်နေတဲ့ အပ်တွေ ကျန်ခဲ့လိမ့်မယ်လို့တော့ မတွေးခဲ့မိဘူးလို့ ချန်းက ပြောပါတယ်။ ဒါ့ကြောင့် ဆရာဝန်က ချန်းရဲ့ တင်ပါးထဲက အပ်တွေကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရပြီး အပ် ၈ ‌ချောင်းကို ၄ နာရီအတွင်း အောင်အောင်မြင်မြင်နဲ့ ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။ Ref: OC ~~~~~~~~~~~~~~~~~~~ Zawgyi_version တင္ပါးထဲ အပ္မ်ား ကာလၾကာရွည္ စိုက္ဝင္ေနသည့္ တ႐ုတ္အမ်ိဳးသား တင္ပါးအတြင္းက နာက်င္မႈဒဏ္ ကာလရွည္ခံစားေနရတဲ့ အမ်ိဳးသားတဦးရဲ႕ တင္ပါးထဲမွာ အဝတ္ခ်ဳပ္အပ္ ၈ ေခ်ာင္းေလာက္ စိုက္ဝင္ေနတာကို ေတြ႕ခဲ့ရတယ္လို႔ OC သတင္းမွာ ဩဂုတ္ ၂၈ ရက္ေန႔က ေဖာ္ျပပါတယ္။ ဒီျဖစ္ရပ္ဟာ တ႐ုတ္ႏိုင္ငံ ခ်န္းရွာျပည္နယ္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဒီအမ်ိဳးသားရဲ႕ နာမည္ကေတာ့ ခ်န္းပါ။ ခ်န္းဟာ တင္ပါးအတြင္းပိုင္းက နာက်င္တဲ့ ေဝဒနာကို ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက စတင္ခံစားခဲ့ရတာ ျဖစ္ပါတယ္။ ဒီေဝဒနာဟာ ေျပးရင္ ပိုဆိုးလာေလ့ရွိၿပီး ဘာေၾကာင့္လဲဆိုတာလဲ မသိခဲ့ရပါဘူး။ အလုပ္မ်ားလြန္းတဲ့ ခ်န္းဟာ ဒီေဝဒနာအတြက္ ေဆး႐ုံေတြ ဘာေတြ သြားစစ္ခဲ့တာမ်ိဳး မရွိဘဲ ဒီအတိုင္း ေနေနခဲ့ရင္းက မၾကာေသးခင္မွာေတာ့ ဆရာဝန္တဦးထံေရာက္ရွိခဲ့ပါတယ္။ သူ႔ေဝဒနာကို ေျပာျပၿပီး ဓာတ္မွန္႐ိုက္တာေတြ ဘာေတြ လုပ္ေဆာင္ၿပီးခ်ိန္မွာေတာ့ ရလဒ္ေၾကာင့္ ခ်န္းနဲ႔ ဆရာဝန္ပါ အံ့အားသင့္ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ ခ်န္းရဲ႕ ညာဘက္တင္ပါးထဲမွာ အဝတ္ခ်ဳပ္တဲ့အပ္ ရွစ္ေခ်ာင္းထက္မနည္း ေရာက္ရွိေနလို႔ပဲ ျဖစ္ပါတယ္။ ဒီအပ္ေတြက သူ႔ႂကြက္သားေတြထဲကို စိုက္ဝင္ေနခဲ့တာျဖစ္ၿပီး ဒါ့ေၾကာင့္ပဲ ေျပးလႊားတဲ့ အခ်ိန္မွာ ပိုမိုနာက်င္ရတာပါ။ ဒီျဖစ္ရပ္အတြက္ ခ်န္းကို ဆရာဝန္က လိုအပ္တဲ့ ေမးျမန္းမႈေတြ လုပ္တဲ့အခ်ိန္မွာေတာ့ ဒါဟာ အမႈိက္ပုံတခုထဲ ေခ်ာ္လဲခဲ့ရာကေန ျဖစ္ခဲ့တာလို႔ ခ်န္းက ေျပာပါတယ္။ အသက္ ၅၅ ႏွစ္အ႐ြယ္ခ်န္းဟာ အရင္တုန္းက သူ႔အလုပ္မွာရွိတဲ့ အမႈိက္ပုံထဲမွာ ေခ်ာ္လဲခဲ့ဖူးၿပီး အဲဒီကေန သူ႔တင္ပါးမွာ အပ္ေတြစိုက္ခဲ့ပါတယ္။ စိုက္ေနတဲ့ အပ္ေတြကို သူကိုယ္တိုင္ ဖယ္ရွားရွင္းလင္းခဲ့တာျဖစ္ၿပီး ဒီလိုမ်ိဳး အသားထဲ ေရာက္ေနတဲ့ အပ္ေတြ က်န္ခဲ့လိမ့္မယ္လို႔ေတာ့ မေတြးခဲ့မိဘူးလို႔ ခ်န္းက ေျပာပါတယ္။ ဒါ့ေၾကာင့္ ဆရာဝန္က ခ်န္းရဲ႕ တင္ပါးထဲက အပ္ေတြကို ခြဲစိတ္ဖယ္ရွားေပးခဲ့ရၿပီး အပ္ ၈ ‌ေခ်ာင္းကို ၄ နာရီအတြင္း ေအာင္ေအာင္ျမင္ျမင္နဲ႔ ဖယ္ရွားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ Ref: OC
2 years Ago
Up