တရုတ်လူမျိုးများ

July 8, 2020

တရုတ်လူမျိုးများ မိခင်နိုင်ငံပြန်ရန် ဖိအားပေးခံရပါက ဆက်သွယ်ကြရန် FBI ညွှန်မှူးပြော

အမေရိကန်နိုင်ငံရှိ တရုတ်နိုင်ငံမှာ မွေးခဲ့တဲ့သူတွေကို တရုတ်အရာရှိတွေက ပြည်တော်ပြန်ဖို့ အတင်းအကျပ်စေခိုင်းခဲ့ပါက ဆက်သွယ်ကြဖို့ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို  (FBI) ညွှန်မှူး ခရစ္စတိုဖာရေးက ဇူလိုင် ၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးနဲ့ နည်းပညာ သြဇာတွေကို လွှမ်းမိုးနိုင်စွမ်းမှာ အမေရိကန်ရဲ့ နေရာကို အစားထိုး ဝင်ရောက်ဖို့ ဗျူဟာရဲ့ အစိတ်အပိုင်းအနေနဲ့ တရုတ်ဟာ သူလျှိုတွေ၊ ဆိုင်ဘာသူခိုးတွေနဲ့ တခြားပုံစံတွေကို သုံးနေတယ်လို့ ထပ်စွဲချက်တင်အပြီး တတ်သိပညာရှင်အဖွဲ့ကို ရည်ညွှန်း ပြောဆိုပြီး မကြုံစဖူး တိုက်တွန်းခဲ့တာပါ။ တရုတ်နိုင်ငံမှာ မွေးပြီး နိုင်ငံပြင်ပမှာ နေကြတဲ့ ရည်မှန်းချက် ကြီးမားတဲ့သူတွေ ပြည်တော်ပြန်လာရင် ခြိမ်းခြောက်မှု ဖြစ်လာမယ်လို့ သတ်မှတ်ရင်း သူတို့ ပစ်မှတ်ထားတဲ့ မြေခွေးကို အမဲလိုက်ခြင်း အစီအစဉ်ကို ရှီကျင့်ဖျင်က ဦးဆောင်ခဲ့ပါတယ်။ ဒါဟာ တရုတ်ပြည်မကြီးရဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး မူဝါဒတွေကို နှုတ်ပိတ်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
10 months Ago

February 13, 2020

တာချီလိတ်မြို့တွင် ၂ ရက်ဆက်တိုက် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး တရုတ်လူမျိုး ၁ ဦးသေဆုံး

မြန်မာ- ထိုင်းနယ်စပ် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ နှစ်ရက်ဆက်တိုက် သေနတ် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒီနေ့ ပစ်ခတ်မှုမှာတော့ လူတစ်ဦးသေဆုံးသွားပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်ပိုင်းမှာ နေအိမ်ရှေ့ ကားပေါ်ကဆင်းလာတဲ့သူတစ်ဦးကို မျက်နှာချင်းဆိုင်ကားပေါ်က သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူဟာ တာချီလိတ် ဆန်ဆိုင်း(က)ရပ်ကွက် ထွန်းလင်းရောင် Night Club ဟောင်းဘေး နေအိမ်မှာ နေထိုင်တဲ့ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး သူ့ကို သေနတ်နဲ့ ၅ ချက်လောက် ဆက်တိုက်ပစ်ခတ်သွားတာပါ။ ပစ်ခတ်ခံရသူဟာ လောက်ကိုင်ဘက်က လာရောက်ပြောင်းရွေ့နေထိုင်တဲ့ တရုတ်လူမျိုးဖြစ်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ အဆိုပါသေနတ်ပစ်ခတ်မှုနဲ့ ပါတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက လိုက်လံ စုံစမ်းနေပြီး မနေ့ကလည်း 1G1 ဟိုတယ်ရှိနတ်စင်ကို သေနတ်နဲ့ပစ်ခတ်သွားသူရဲ့နေအိမ်ကနေ မူးယစ်ဆေးဝါးတွေနဲ့  ဂိမ်းစက်တွေကို ဖမ်းမိခဲ့ပြီး တရားခံကိုတော့ ဖမ်းမိခြင်းမရှိသေးပါဘူး။ သတင်း- ကိုဇက်
1 year Ago
Up