တရုတ်လူမျိုးမျာ

February 1, 2020

နိုင်ငံရပ်ခြားရှိ တရုတ်လူမျိုးများ ဝူဟန်မြို့သို့ ဆေးဘက်ပစ္စည်း တန်ချိန်ဒါဇင်ချီ လှူဒါန်း

နိုင်ငံရပ်ခြားရှိ တရုတ်လူမျိုးတွေက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ဝူဟန်မြို့ကို ဆေးဘက်ပစ္စည်း တန်ချိန် ဒါဇင်နဲ့ချီပြီး လှူဒါန်းနေပါတယ်။ ဇန်နဝါရီ ၂၄ ရက်ကစပြီး အခုထိ ဆေးဘက်ဝတ်စုံ၊ နှာခေါင်းစည်းနဲ့ မျက်မှန်စတဲ့ ဆေးဘက်ပစ္စည်း စုစုပေါင်းတန်ချိန် ၄၀ ကိုလေကြောင်း ကနေ ပို့ဆောင်ပေးခဲ့တယ်လို့ လေဆိပ်ဝန်ထမ်းတွေက ပြောပါတယ်။ ဒါတွေကို တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ဥရောပ၊ အမေရိကနဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ တရုတ်လူမျိုးတွေက လှူဒါန်းနေတာဖြစ်ပြီး အဲဒီဆေးဘက်ပစ္စည်းတွေ ဝူဟန်ကို ပို့ဆောင်ဖို့ ပို့ဆောင်ရေးပိုင်း အားနည်းချက်တွေ ရှိတယ်လို့ ဝူဟန်လေဆိပ်ဝန်ထမ်းတယောက်က ပြောပါ တယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရပ်ဘက်လေကြောင်းလိုင်းတွေကို ပိတ်ထားပေမယ့် ကုန်စည်ပို့ဆောင်ရေးလေကြောင်းလိုင်းတွေကိုတော့ အများအပြား ဖွင့်ထားပါတယ်။  ရောက်ရှိလာတဲ့ လှူဒါန်းပစ္စည်းတွေဟာ အခွန်ကင်းလွတ်ခွင့်ရပြီး အကောက်ခွန် ဝန်ထမ်းတွေ ကလည်း လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို အလျင်အမြန် လုပ်ဆောင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၂၅၉ ဦးနဲ့  ကူးစက်ခံရသူ ၁၁၇၉၁ ယောက် ရှိပြီလို့ သိရပါတယ်။
1 year Ago
Up