တရုတ်လုံခြုံရေးဌာန

September 8, 2020

ဩစတြေးလျ သတင်းထောက် ၂ ဦးကို တရုတ်လုံခြုံရေးဌာနက စစ်ဆေးမေးမြန်း

တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ သြစတြေးလျ ထိပ်တန်း နိုင်ငံခြားသတင်းထောက်တွေထဲက နှစ်ယောက်ဟာ တရုတ်လုံခြုံရေးဌာနရဲ့ သီးသန့် စစ်ဆေးမေးမြန်းတာကို ခံရပြီးနောက် သူတို့ လုံခြုံရေးအတွက် သြစတြေးလျကို အမြန်ပြန်လာခဲ့ကြပါတယ်။ ABC သတင်းဌာနက ဘီလ်ဘာတယ်စ်နဲ့  AFR သတင်းဌာနက မိုက်ကယ်စမစ် တို့ဟာ ပေကျင်းနဲ့ ရှန်ဟိုင်းမှာရှိတဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတို့မှာ အသီးသီး ခိုလှုံခဲ့ပြီးနောက် သံတမန်တွေက တရုတ်အရာရှိတွေနဲ့ ညှိနှိုင်းပြီး သူတို့ကို အိမ်ပြန်ခွင့်ပြုခဲ့တယ်လို့ ABC နဲ့ AFR  တို့က အသီးသီးထုတ်ပြန်ခဲ့ပါတယ်။  ထိန်းသိမ်းခံရတဲ့ တရုတ်နိုင်ငံဖွား သြစတြေးလျ သတင်းကြေညာသူ ချန်လီနဲ့ပတ်သက်လို့ မဖြေမချင်း သူတို့ကို တရုတ်နိုင်ငံက ထွက်သွားခွင့်မပေးခဲ့ဘူးလို့ AFR က  သတင်းထုတ်ပြန်ပါတယ်။   ချန်လီဟာ ပေကျင်းအခြေစိုက် သြစတြေးလျနိုင်ငံသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက  ရုပ်သံကနေ ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လီကို တရုတ်အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တယ်ဆိုပြီး သြစတြေးလျ အစိုးရက   စက်တင်ဘာလ ၇ ရက်မှာ ပြောပါတယ်။
1 year Ago
Up