တရုတ်လက်ရွေးစင်အသင်း

July 28, 2020

ဖီဖာက ခွင့်ပြုပါက တရုတ်လက်ရွေးစင်အသင်းအတွက် ကစားပေးရန် အော်စကာ ဆန္ဒရှိ

ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုမယ်ဆိုရင် တရုတ်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားချင်တယ်လို့ ဘရာဇီး ကွင်းလယ်လူ အော်စကာက ပြောလိုက်ပါတယ်။   ချဲလ်ဆီးကစားသမားဟောင်း အော်စကာဟာ ၂၀၁၇ ဇန်နဝါရီအပြောင်းအရွှေ့မှာ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပြောင်းရွှေ့ကစားခဲ့တာပါ။  ဘရာဇီးအသင်းနဲ့ အတူ ၂၀၁၄ ကမ္ဘာ့ဖလား အပါအဝင် စုစုပေါင်း ၄၇ ပွဲ ကစားခဲ့တဲ့ အော်စကာဟာ ၂၀၁၆ ခုနှစ်ကစပြီး ဘရာဇီးအသင်းမှာ ရွေးချယ်ခြင်း မခံရတော့ပါဘူး။ ဖီဖာရဲ့စည်းမျဉ်းအရတော့ နိုင်ငံတစ်နိုင်ငံရဲ့ လက်ရွေးစင်အသင်းကြီးမှာ ကိုယ်စားပြု ကစားထားပြီးသား ကစားသမားတစ်ဦးဟာ တခြားနိုင်ငံအသင်းကို ပြောင်းလဲကစားခွင့် ပြုမထားပါဘူး။ အော်စကာကတော့ တရုတ်လက်ရွေးစင်အသင်းမှာ ကွင်းလယ်ကစားသမားကောင်းတစ်ဦး လိုအပ်နေပြီး တရုတ်အသင်းကိုလည်း ကြိုက်နှစ်သက်တာကြောင့် ဖီဖာကသာ စည်းမျဉ်းပြောင်းလဲပြီး ကစားခွင့်ပြုခဲ့မယ်ဆိုရင် ကိုယ်စားပြု ကစားသွားချင်တယ်လို့ပြောပါတယ်။  တရုတ်အသင်းဟာ လက်ရှိကမ္ဘာ့အဆင့် ၇၆ မှာရပ်တည်နေပြီး ၂၀၀၂ နောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ အောင်မြင်ခြင်းမရှိပါဘူး။
2 years Ago

January 3, 2020

တရုတ်အသင်း နည်းပြသစ်အဖြစ် ကစားသမားဟောင်း လီတိုက်ကို ခန့်အပ်

တရုတ်လက်ရွေးစင်အသင်းက နည်းပြသစ်အဖြစ် အဲဗာတန်ကွင်းလယ်သမားဟောင်း လီတိုက်ကို ခန့်အပ်လိုက်ပါတယ်။  တရုတ်အသင်းကနေ နုတ်ထွက်သွားတဲ့ အီတလီသား နည်းပြ မာဆယ်လို လစ်ပီရဲ့ နေရာမှာ တရုတ်လက်ရွေးစင် ကစားသမားဟောင်း လီတိုက်နဲ့ အစားထိုးလိုက်တာပါ။  အသက် ၄၂ နှစ်အရွယ် လီဟာ တရုတ်လက်ရွေးစင်အသင်းအတွက် ၉၂ ပွဲ ကစားပေးထားပြီး ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။  သူဟာ ၂၀၀၂ တုန်းက နည်းပြ ဒေးဗစ်မွိုင်စ်ရဲ့ လက်ထက် အဲဗာတန်အသင်းမှာ ကစားခဲ့ဖူးပါတယ်။
3 years Ago
Up