တရုတ်ယူ၁၂

August 6, 2019

တရုတ်-အာဆီယံ ယူ-၁၂ ဘောလုံးပြိုင်ပွဲ ဆီမီးတွင် မြန်မာက တရုတ်ကို ၂ ဂိုးပြတ်ဖြင့်ရှုံး

တရုတ်-အာဆီယံ ယူ-၁၂ ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာနဲ့ အိမ်ရှင် တရုတ်အသင်းတို့ ဒီနေ့မနက် ယှဉ်ပြိုင်ရာ တရုတ်အသင်းက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲကို တရုတ်-အာဆီယံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာပါ။ မြန်မာ ယူ-၁၂ အသင်းဟာ အုပ်စု ခ မှာ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့နဲ့ အတူကျရောက်ခဲ့ပါတယ်။ အုပ်စုတွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ရာမှာ မြန်မာအသင်းဟာ ထိုင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပေမယ့် ကမ္ဘောဒီးယားကို သုံးဂိုး တဂိုး၊ အင်ဒိုနီးရှားကို သုံးဂိုး တဂိုးနဲ့နိုင်ပြီး ဗီယက်နမ်နဲ့ သုံးဂိုးစီ သရေကျလို့ နှစ်ပွဲနိုင် တပွဲသရေ တပွဲရှုံးရလဒ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အိမ်ရှင် တရုတ်အသင်းက မြန်မာကို အနိုင်ယူခဲ့သလို ထိုင်းအသင်းကလည်း မလေးရှားကို အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲစဉ်အဖြစ် တရုတ်အသင်းနဲ့ ထိုင်းအသင်းတို့ ဒီနေ့ညနေ ၃း၃၀ ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာယူ-၁၂ အသင်းကတော့ တတိယနေရာလုပွဲအဖြစ် မလေးရှား ယူ-၁၂ အသင်းနဲ့ ဒီနေ့မွန်းလွဲ ၂း၃၀ နာရီခွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Zawgyi Version တ႐ုတ္-အာဆီယံ ယူ-၁၂ ေဘာလုံးၿပိဳင္ပြဲ ဆီမီးတြင္ ျမန္မာက တ႐ုတ္ကို ၂ ဂိုးျပတ္ျဖင့္ရႈံး DVB တ႐ုတ္-အာဆီယံ ယူ-၁၂ ေဘာလုံးၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ျမန္မာနဲ႔ အိမ္ရွင္ တ႐ုတ္အသင္းတို႔ ဒီေန႔မနက္ ယွဥ္ၿပိဳင္ရာ တ႐ုတ္အသင္းက ႏွစ္ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရသြားပါတယ္။ ဒီၿပိဳင္ပြဲကို တ႐ုတ္-အာဆီယံ ခ်စ္ၾကည္ေရး အထိမ္းအမွတ္အျဖစ္ တ႐ုတ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတာပါ။ ျမန္မာ ယူ-၁၂ အသင္းဟာ အုပ္စု ခ မွာ ထိုင္း၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ အင္ဒိုနီးရွားတို႔နဲ႔ အတူက်ေရာက္ခဲ့ပါတယ္။ အုပ္စုတြင္းပြဲစဥ္ေတြ ယွဥ္ၿပိဳင္ရာမွာ ျမန္မာအသင္းဟာ ထိုင္းကို ႏွစ္ဂိုး ဂိုးမရွိနဲ႔ ရႈံးခဲ့ေပမယ့္ ကေမာၻဒီးယားကို သုံးဂိုး တဂိုး၊ အင္ဒိုနီးရွားကို သုံးဂိုး တဂိုးနဲ႔ႏိုင္ၿပီး ဗီယက္နမ္နဲ႔ သုံးဂိုးစီ သေရက်လို႔ ႏွစ္ပြဲႏိုင္ တပြဲသေရ တပြဲရႈံးရလဒ္နဲ႔ ဆီမီးဖိုင္နယ္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြမွာ အိမ္ရွင္ တ႐ုတ္အသင္းက ျမန္မာကို အႏိုင္ယူခဲ့သလို ထိုင္းအသင္းကလည္း မေလးရွားကို အႏိုင္ရခဲ့တာေၾကာင့္ ဗိုလ္လုပြဲစဥ္အျဖစ္ တ႐ုတ္အသင္းနဲ႔ ထိုင္းအသင္းတို႔ ဒီေန႔ညေန ၃း၃၀ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ျမန္မာယူ-၁၂ အသင္းကေတာ့ တတိယေနရာလုပြဲအျဖစ္ မေလးရွား ယူ-၁၂ အသင္းနဲ႔ ဒီေန႔မြန္းလြဲ ၂း၃၀ နာရီခြဲ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။
2 years Ago
Up