တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်

August 30, 2019

တရုတ်တပ်များ ဟောင်ကောင် ရောက်ရှိ

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်က တပ်စုသစ်တွေ အသုတ်လိုက် ဟောင်ကောင်က စစ်တန်းလျားကို ရောက်လာတဲ့ ရုပ်သံကို တရုတ်အစိုးရ ရုပ်သံက သြဂုတ် ၂၉ ရက်မှာ ပြသလိုက်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပြီး တပ်တွေကို အလှည့်ကျ တာဝန်ချတာလို့ ပြောပါတယ်။ သြဂုတ် ၂၈ ရက် ညနေက ရှင်းကျန်းကနေ ထွက်လာတဲ့တပ်တွေ ဟောင်ကောင် စစ်တန်းလျားကို ဩဂုတ် ၂၉ ရက်နေ့ အစောပိုင်းမှာ ရောက်လာတယ်လို့ အစိုးရရုပ်သံ စီစီတီဗီက ပြောပါတယ်။ ခြေလျင်တပ်တွေနဲ့ ပစ္စည်းကိရိယာတွေ အလှည့်ကျရောက်လာတာဟာ ဟောင်ကောင်ရဲ့ ကာကွယ်ရေးတပ်တွေရဲ့ တာဝန်ကို ဖြည့်ဆည်းနိုင်စွမ်း တိုးမြှင့်ဖို့လို့ ဟောင်ကောင် မြို့စောင့်တပ် ဒုစစ်ဦးစီးမှူး လျိုကျောက်ဟွေက ပြောပါတယ်။ တပ်တွေ စေလွှတ်လိုက်တာဟာ အင်အားသုံး စွက်ဖက်မယ်လို့ ရှင်းရှင်းလင်းလင်း သတိပေးတာ ဖြစ်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ဟောင်ကောင် ဆန္ဒပြပွဲတွေကို တရုတ်အစိုးရက ပြစ်တင်ရှုတ်ချပြီး ဟောင်ကောင်အရေးကို အမေရိကန်နဲ့ ဗြိတိန်က ကြားဝင်စွက်ဖက်တယ်လို့လည်း စွပ်စွဲထားပါတယ်။
တ႐ုတ္တပ္မ်ား ေဟာင္ေကာင္ ေရာက္ရွိ DVB တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္က တပ္စုသစ္ေတြ အသုတ္လိုက္ ေဟာင္ေကာင္က စစ္တန္းလ်ားကို ေရာက္လာတဲ့ ႐ုပ္သံကို တ႐ုတ္အစိုးရ ႐ုပ္သံက ၾသဂုတ္ ၂၉ ရက္မွာ ျပသလိုက္ပါတယ္။ ဒါဟာ ပုံမွန္ျဖစ္ၿပီး တပ္ေတြကို အလွည့္က် တာဝန္ခ်တာလို႔ ေျပာပါတယ္။ ၾသဂုတ္ ၂၈ ရက္ ညေနက ရွင္းက်န္းကေန ထြက္လာတဲ့တပ္ေတြ ေဟာင္ေကာင္ စစ္တန္းလ်ားကို ဩဂုတ္ ၂၉ ရက္ေန႔ အေစာပိုင္းမွာ ေရာက္လာတယ္လို႔ အစိုးရ႐ုပ္သံ စီစီတီဗီက ေျပာပါတယ္။ ေျခလ်င္တပ္ေတြနဲ႔ ပစၥည္းကိရိယာေတြ အလွည့္က်ေရာက္လာတာဟာ ေဟာင္ေကာင္ရဲ႕ ကာကြယ္ေရးတပ္ေတြရဲ႕ တာဝန္ကို ျဖည့္ဆည္းႏိုင္စြမ္း တိုးျမႇင့္ဖို႔လို႔ ေဟာင္ေကာင္ ၿမိဳ႕ေစာင့္တပ္ ဒုစစ္ဦးစီးမႉး လ်ိဳေက်ာက္ေဟြက ေျပာပါတယ္။ တပ္ေတြ ေစလႊတ္လိုက္တာဟာ အင္အားသုံး စြက္ဖက္မယ္လို႔ ရွင္းရွင္းလင္းလင္း သတိေပးတာ ျဖစ္ႏိုင္တယ္လို႔ မီဒီယာေတြက သုံးသပ္ပါတယ္။ ေဟာင္ေကာင္ ဆႏၵျပပြဲေတြကို တ႐ုတ္အစိုးရက ျပစ္တင္ရႈတ္ခ်ၿပီး ေဟာင္ေကာင္အေရးကို အေမရိကန္နဲ႔ ၿဗိတိန္က ၾကားဝင္စြက္ဖက္တယ္လို႔လည္း စြပ္စြဲထားပါတယ္။
2 years Ago
Up