တရုတ်ပြည်မကြီး

August 2, 2021

တရုတ်ပြည်မကြီးတွင် တရက်တည်း ကိုဗစ်-၁၉ ရောဂါ အသစ်ကူးစက်ခံရသူ ၇၅ ဦးရှိ

တရုတ်ပြည်မကြီးက ပြည်နယ် ၈ ခုမှာ ကိုဗစ်-၁၉ ကပ်ရောဂါ  ပြည်တွင်းကူးစက်ခံရသူတွေ အပါအဝင် ဇူလိုင် ၃၁ ရက် တရက်တည်းမှာ အသစ်ကူးစက်ခံ ၇၅ ယောက် ရှိတယ်လို့ တရုတ်အစိုးရက သြဂုတ် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံမှာ လချီပြီး ပြည်တွင်းနေ ကူးစက်မှု မရှိသလောက် နည်းနေရာက ခုနောက်ပိုင်းမှာ ကိုဗစ်-၁၉ ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှု ပိုပြီး ဆိုးဆိုးရွားရွား ပြန်တိုးလာနေတာပါ။

တရုတ်နိုင်ငံ ဖှုကျန်းပြည်နယ် ရှားမဲန်းမြို့မှာ ဒေသခံတွေကို အိမ်ထဲမှာပဲ နေဖို့ အမိန့်ထုတ်ထားပြီး စားနပ်ရိက္ခာနဲ့ တခြားအထောက်အပံ့တွေ ဖြန့်ဝေပေးနေတဲ့ ပုံတွေကို CCTV က ထုတ်လွှင့်ပြသပါတယ်။

ရုရှားကနေ ကူးစက်ခံ လူနာတယောက်ကို တင်လာတဲ့ လေယာဉ်ကို သန့်ရှင်းရေး လုပ်ခဲ့တဲ့ နန်ကျင်း လူခို့ နိုင်ငံတကာလေဆိပ်က အလုပ်သမားတွေနဲ့ ပတ်သက်ပြီး နန်ကျင်းမြို့မှာ ကူးစက်ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။

ကူးစက်ခံတွေဟာ ကိုဗစ်-၁၉  ဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်ခံရတာလို့ သူတို့က အတည်ပြုပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်က ရေဘေးသင့် ကျန်းကျိုးမြို့မှာလည်း နောက်ထပ် ကူးစက်ခံ အသစ် ၁၁ ယောက် တွေ့ရှိထားပါတယ်။

လက္ခဏာ မပြတဲ့ ကူးစက်ခံ ၁၆ယောက် ရှိပေမယ့် တရုတ်အစိုးရက တရားဝင် ကိန်းဂဏန်းထဲ ထည့်မတွက်ပါဘူး။ တရုတ်နိုင်ငံမှာ ကူးစက်မှု စတည်းက ခုထိ ကူးစက်ခံရသူပေါင်း ၉၃၀၀၀  ရှိနေပြီဖြစ်ပါတယ်။

3 months Ago

July 1, 2020

ဗြိတိသျှလက်အောက်က ဟောင်ကောင်လွတ်မြောက်သည့်  ၂၃ နှစ်မြောက်နှစ်ပတ်လည်နေ့ ကျင်းပ

တရုတ်ပြည်မကြီးလက်ထဲ ဟောင်ကောင်ကျွန်း ပြန်ရောက်ရှိတဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဇူလိုင် ၁ ရက်နေ့က ဟောင်ကောင်မှာ ကျင်းပပါတယ်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရဲ့ ဂိုးလ်ဒင်းဘော်ဟီနီယာရင်ပြင်မှာ အခမ်းအနား ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းတို့ကိုလည်း ဖွင့်ပွဲအခမ်းအနားမှာ ထုတ်လွှင့်ခဲ့ပါတယ်။ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် CPPCC ရဲ့ ဒုဥက္ကဋ္ဌတွေလည်း ဖြစ်ကြတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးအကြီးအကဲတွေ ဖြစ်တဲ့ ကာရီလမ်၊ တန်ချီဟွာနဲ့ လျန်ချွန်းယင်၊ အရင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ဆန်ယမ်ကွမ်တို့လည်း အခမ်းအနားကို တက်ရောက်ကြပါတယ်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရဲ့ ဗဟိုပြည်သူ့အစိုးရ ဆက်ဆံရေးရုံးညွှန်မှူး လွှာဟီနင်း၊ ဟောင်ကောင်ရဲ့ တရုတ်နိုင်ငံခြားရေးဌာန ကော်မရှင်နာမင်းကြီး ရှီဖန်း၊ ဟောင်ကောင်မှာရှိတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီးချင်တောက်ရှန်တို့လည်း အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ ဟောင်ကောင်ကျွန်းဟာ ၁၉၉၇ မှာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီးလက်ထဲ ပြန်လည်လွှဲပြောင်းပေးခံခဲ့ရတာ ဖြစ်ပါတယ်။
1 year Ago
More News
Up