တရုတ်ပြည်မ

A d v e r t i s e m e n t With Us

February 9, 2020

ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၈၀၀ ကျော်ရှိပြီ၊ ဆားစ်နှင့်မားစ်ရောဂါတို့ထက် သေဆုံးသူ ပိုများ

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ဖေဖော်ဝါရီ ၉ ရက် မြန်မာစံတော်ချိန် မနက် ၁၁ နာရီခွဲအချိန်ရတဲ့ သတင်းအရ လူ ၃၇၅၅၄ ယောက်ရှိပြီး သေဆုံးသူ ၈၁၃ ယောက်ထိ မြင့်တက်သွားပါပြီ။ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်ကလွဲရင် သေဆုံးသူအားလုံးဟာ တရုတ်ပြည်မကြီးထဲမှာ သေဆုံးခဲ့တာပါ။ ကမ္ဘာတလွှား နိုင်ငံနဲ့ဒေသ ၂၈ ခုမှာ ကူးစက်ခံထားရပြီး လူနာ ၆၁၉၆ ယောက် အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ လူနာ ၂၇၂၈ ယောက်က ပြန်ကျန်းမာလာပြီး ဆေးရုံက ဆင်းသွားခဲ့ပါပြီ။ လက်ရှိ ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေဟာ ၂၀၀၃ ဆားစ်ရောဂါ ကူးစက်မှုနဲ့ ၂၀၁၂ မားစ်ရောဂါ ကူးစက်မှုတွေကြောင့် သေဆုံးသူ ဦးရေတွေထက် ပိုသာလွန်သွားခဲ့ပါတယ်။ ကူးစက်မှုထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံတလွှားက စက်ရုံအများအပြားက ဇန်နဝါရီ ၃၀ မှာ ကုန်ဆုံးမယ့် တရုတ်နှစ်သစ်ကူးပိတ်ရက်ကို သက်တမ်းတိုးထားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းက အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ တက်စ်လာကတော့ ထုတ်လုပ်မှုတွေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြန်စမယ်လို့ ပြောပါတယ်။ ရှန်ဟိုင်းအစိုးရ ပြောခွင့်ရ ရွှီဝေကလည်း တက်စ်လာ အပါအဝင် ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေ လက်တွေ့ ရင်ဆိုင်နေရတဲ့ ကုန်ထုတ်လုပ်မှု ပြန်စရေး အခက်အခဲတွေကနေ ကူညီဖို့ ကုန်ထုတ်လုပ်မှု တတ်နိုင်သမျှ အမြန်ဆုံးပြန်စဖို့ ညှိနှိုင်း အားထုတ်သွားမယ်လို့ ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။ ဒေသခံတယောက်ကတော့ နောက်ထပ် အနည်းဆုံး သီတင်းပတ် တပတ်လောက် ရောဂါခြေချုပ်နဲ့ အိမ်တွေမှာ ဆက်နေခွင့်ပြုဖို့ မျှော်လင့်တယ်။ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းနေထိုင်သူတွေ ရှန်ဟိုင်းကို ပြန်လာနေချိန်မှာ ကူးစက်မှု ဒုတိယအကျော့ ထပ်ဖြစ်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။  ကုမ္ပဏီအသေးတွေကို သက်ညှာတဲ့ အတိုးနှုန်းနဲ့ ချေးငွေ ဆက်ပေးဖို့နဲ့ ကူးစက်ချိန်မှာ အထိနာဆုံး ဝန်ဆောင်မှုလုပ်ငန်းတွေကိုတော့ အတိုးနှုန်း ကင်းလွတ်ခွင့်ပေးဖို့ ဘဏ်တွေကို တောင်းဆိုမယ်လို့ ရှန်ဟိုင်းအစိုးရက စနေနေ့မှာ ပြောခဲ့ပါတယ်။
1 year Ago

January 6, 2020

ဟောင်ကောင်တွင် ရဲနှင့်ဆန္ဒပြသူများ တိုက်ခိုက်မှုဖြစ်

ဟောင်ကောင်မှာ ဇန်နဝါရီ ၅ ရက်က ဆန္ဒပြပွဲအတွင်း ရဲတွေနဲ့ဆန္ဒပြသူတွေကြား တွန်းထိုး တိုက်ခိုက်ခဲ့ကြပြီး ဒါဇင်နဲ့ချီတဲ့လူတွေ အဖမ်းခံရပါတယ်။ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးနယ်စပ်နားမှာ ထောင်နဲ့ချီတဲ့လူတွေဟာ ဒီမိုကရေစီလိုလားတဲ့ ဆောင်ပုဒ်တွေကို ကြွေးကြော်ရင်း ဆန္ဒပြခဲ့ကြတာပါ။ ရှန့်ရွှေမြို့ထဲက ဆန္ဒပြသူတွေဟာ ဟောင်ကောင်မှာ အကောက်ခွန်မဲ့ကုန်စည်တွေကို အမြောက်အမြား လာဝယ်ပြီး တရုတ်ပြည်မကြီးမှာ အမြတ်တင်ရောင်းတဲ့ ကုန်သည်တွေကို ပစ်မှတ်ထားခဲ့တာပါ။  ဒီလုပ်ရပ်ကြောင့် ကုန်ဈေးနှုန်း တက်ပြီး ရပ်ကွက်ထဲ လူရှုပ်တယ်လို့ ဒေသခံတွေက ပြောရင်း ဟောင်ကောင်ဒေသခံတွေနဲ့ တရုတ်ပြည်မကြီးက တရုတ်တွေကြား တင်းမာမှု ပိုတိုးခဲ့ပါတယ်။  ရဲတွေက လူအယောက် ၂၅၀၀ လောက်ပဲ ချီတက်လာတယ်လို့ ခန့်မှန်းပါတယ်။  ချီတက်ပွဲအပြီးမှာ ချက်ချင်းလူစုခွဲဖို့ ပွဲစီစဉ်သူတွေက ဆော်သြပေမယ့် ဝတ်စုံနက်ဝတ်ပြီး မျက်နှာဖုံး တပ်ထားတဲ့ ဆန္ဒပြသူတွေက အဲဒီနေရာမှာ ကျန်နေရစ်ပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ဝင်စီးပြီး ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်သ လို ငရုတ်ကောင်းရည်တွေနဲ့လည်း ဖြန်းခဲ့ပါတယ်။  ခုလို ကြားဝင် စီးနင်းရတဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
1 year Ago
Up