တရုတ်နှင့် ဂျပန်

March 20, 2020

ကိုရိုနာဗိုင်းရပ်စ်အရေး ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန် ဆွေးနွေး

တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း ပူးပေါင်းဆောင်ရွက်ရေး မတ်လ ၂၀ ရက်က ရုပ်သံညီလာခံအတွင်း ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံခြားကနေ သူတို့နိုင်ငံတွေဆီ ပြန်လာနေကြတဲ့ ကူးစက်ခံလူဦးရေ တိုးလာနေလို့ စိုးရိမ်စိတ်တွေ တိုးနေတာပါ။  တရုတ်ရော၊ တောင်ကိုရီးယားပါ ပြည်တွင်းမှာနေသူအချင်းချင်းကြား ကူးစက်မှု လျော့ကျနေပေမယ့် ပြည်တွင်းကို ပြန်လာသူတွေဆီကနေ ကူးစက်မှု အရေအတွက် တိုးလာနေပါတယ်။ ညီလာခံအတွင်း ဝန်ကြီးတွေဟာ အိုလံပစ်ပွဲကို လက်ခံကျင်းပမယ့် ဂျပန်အစိုးရကို လုံးဝ ထောက်ခံကြောင်း ပြခဲ့ကြတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။  ဒီ ၃ နိုင်ငံကြား သမိုင်းကြောင်းနဲ့ ပိုင်နက်အငြင်းပွားမှုတွေကြောင့် ဆက်ဆံရေး တင်းမာမှု တွေ ရှိခဲ့ကြတာပါ။  ဒီလအစောပိုင်းမှာ ဂျပန်က တောင်ကိုရီးယားအပေါ် ခရီးသွား ကန့်သတ်ချက် ထုတ်ပြန်ခဲ့လို့ လက်စားချေတဲ့ အနေနဲ့ တောင်ကိုရီးယားကလည်း ဂျပန်က လာတဲ့လူတွေကို ပြည်ဝင်ခွင့် ထုတ်ပေးမှု ဆိုင်းငံ့ခဲ့ပါသေးတယ်။ 
2 years Ago
Up