တရုတ်နိုင်ငံ ပြန်ပို့

January 25, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဝူဟန်မြို့သူကို တူရကီအစိုးရ တရုတ်နိုင်ငံ ပြန်ပို့

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဝူဟန်မြို့က လူနာကို တူရကီအစိုးရက လူနာတင် လေယာဉ်နဲ့ ဇန်နဝါရီ ၂၄ ရက်မှာ တရုတ်ပြည် ပြန်ပို့လိုက်ပါတယ်။ တူရကီကျန်းမာရေးဝန်ကြီးက သံသယရှိလူနာရဲ့ ‌တောင်းဆိုချက်အရ  သူ့ကို ဆေးဘက်အစောင့်အရှောက်နဲ့ တရုတ်နိုင်ငံ ပြန်ပို့ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ဝန်ကြီးက အဲဒီလူနဲ့ ထိတွေ့ခဲ့တဲ့  ဆေးရုံဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၁၅ ယောက်၊ အယောက် ၂၀ ခန့်ကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ တူရကီကျန်းမာရေးဝန်ကြီးရဲ့ ပြောကြားချက်အရ အဲဒီလူနာအမျိုးသမီးဟာ ရောဂါ စတင်ဖြစ်ရာ  ဝူဟန်မြို့ကနေ တူရကီကို တိုက်ရိုက်လာခဲ့တာလို့ ဆိုပါတယ်။  သူတို့အဖွဲ့ထဲက တခြားခရီးသွားတွေကတော့ အလားတူရောဂါလက္ခဏာပြတာ မတွေ့ဘူးလို့လည်း တူရကီဝန်ကြီးက ပြောပါတယ်။ အဲဒီဗိုင်းရပ်စ် ကူးစက်တာတွေ တရုတ်ပြည်မှာ ဆက်လက်မြင့်တက်ဖွယ်ရှိပြီး ဗိုင်းရပ်စ်ရဲ့ ပြင်းထန်မှုကို ခန့်မှန်းပြောကြားဖို့ စောလွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်
1 year Ago
Up