အားပြင်းတဲ့ စူပါတိုက်ဖွန်း လက်ကီးမားဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်း ပြည်နယ် ရှီတန်ကျန်း မြို့အနီးကို ဒီနေ့မနက် ဒေသစံတော်ချိန် ၁ နာရီဝန်းကျင်က ဝင်ရောက်ခဲ့ပါတယ်။
ကမ်းခြေကို မုန်တိုင်း ဝင်ရောက်ချိန် တိုက်ဖွန်း လေတိုက်နှုန်းဟာ ဟာရီကိန်း အဆင့် ၃ နဲ့ ညီမျှတယ်လို့ သိရပါတယ်။
မုန်တိုင်း ဝင်ရောက်နိုင်တာကြောင့် တရုတ်မိုးလေဝသဌာနက သြဂုတ်လ ၉ ရက်နေ့ကတည်းက အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ရာသီဥတုသတိပေးချက်အဆင့် အရောင် ၄ ခု ရှိပြီး အနီရောင်က အဆိုးရွားဆုံး ဖြစ်ပါတယ်။
စူပါတိုက်ဖွန်းဟာ ထိုက်ကျိုးမြို့တောင်ပိုင်းကို ဝင်ရောက်ပြီး အနီးဝန်းကျင်ဒေသတွေ အန္တရာယ် ကျရောက်ခဲ့ပါတယ်။
အထူးသဖြင့် အရှေ့ဘက်က တိုက်တဲ့လေတွေကြောင့် ထိုက်ကျိုးမြို့၊ ဟန်ကျိုး ပင်လယ်အော်နဲ့ ကျောင်းကျန်းမြစ်တွေမှာ ရေကြီးစေပါတယ်။
ဒါကြောင့် မုန်တိုင်း မြောက်ဘက်ကို မရွေ့မလျားမချင်း အဲဒီဒေသကမ်းခြေတွေမှာ ရေကြီးနိုင်တယ်လို့ သိရပါတယ်။
Zawgyi Version
တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း အားျပင္းမုန္တိုင္းဝင္ေရာက္
DVB
အားျပင္းတဲ့ စူပါတိုက္ဖြန္း လက္ကီးမားဟာ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း က်ဲ႕က်န္း ျပည္နယ္ ရွီတန္က်န္း ၿမိဳ႕အနီးကို ဒီေန႔မနက္ ေဒသစံေတာ္ခ်ိန္ ၁ နာရီဝန္းက်င္က ဝင္ေရာက္ခဲ့ပါတယ္။
ကမ္းေျခကို မုန္တိုင္း ဝင္ေရာက္ခ်ိန္ တိုက္ဖြန္း ေလတိုက္ႏႈန္းဟာ ဟာရီကိန္း အဆင့္ ၃ နဲ႔ ညီမွ်တယ္လို႔ သိရပါတယ္။
မုန္တိုင္း ဝင္ေရာက္ႏိုင္တာေၾကာင့္ တ႐ုတ္မိုးေလဝသဌာနက ၾသဂုတ္လ ၉ ရက္ေန႔ကတည္းက အနီေရာင္အဆင့္ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံမွာ ရာသီဥတုသတိေပးခ်က္အဆင့္ အေရာင္ ၄ ခု ရွိၿပီး အနီေရာင္က အဆိုး႐ြားဆုံး ျဖစ္ပါတယ္။
စူပါတိုက္ဖြန္းဟာ ထိုက္က်ိဳးၿမိဳ႕ေတာင္ပိုင္းကို ဝင္ေရာက္ၿပီး အနီးဝန္းက်င္ေဒသေတြ အႏၲရာယ္ က်ေရာက္ခဲ့ပါတယ္။
အထူးသျဖင့္ အေရွ႕ဘက္က တိုက္တဲ့ေလေတြေၾကာင့္ ထိုက္က်ိဳးၿမိဳ႕၊ ဟန္က်ိဳး ပင္လယ္ေအာ္နဲ႔ ေက်ာင္းက်န္းျမစ္ေတြမွာ ေရႀကီးေစပါတယ္။
ဒါေၾကာင့္ မုန္တိုင္း ေျမာက္ဘက္ကို မေ႐ြ႕မလ်ားမခ်င္း အဲဒီေဒသကမ္းေျခေတြမွာ ေရႀကီးႏိုင္တယ္လို႔ သိရပါတယ္။
2 years Ago