တရုတ်နိုင်ငံသား ၁၂၂ ယောက်

December 25, 2019

နီပေါတွင် ဆိုက်ဘာရာဇဝတ်မှု သံသယရှိသူ တရုတ်နိုင်ငံသား ၁၂၂ ယောက်ကို ဖမ်းဆီး

နီပေါနိုင်ငံမှာသံသယရှိဖွယ် ဆိုက်ဘာရာဇဝတ်မှုနဲ့ ပတ်သက်လို့  တရုတ်နိုင်ငံသား ၁၂၂ ယောက် ကိစ္စကို တရုတ်နဲ့ နီပေါရဲတပ်ဖွဲ့ ပူးပေါင်း ဖမ်းဆီးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်းက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ပြောပါတယ်။ နီပေါနိုင်ငံရဲ့ အကြီးမားဆုံး ဆိုက်ဘာရာဇဝတ်မှု နှိမ်နှင်းရေးစီမံချက်အတွင်း ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသား ၁၂၂ ယောက်ကို ဖမ်းဆီးခဲ့တာပါ။ မသင်္ကာဖွယ် လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ သတင်းရပြီးနောက် ဒီဇင်ဘာ ၂၃ ရက်နေ့က ဝင်ရောက်စီးနင်းမှုအတွင်း တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးခဲ့တယ်လို့ နီပေါရဲအရာရှိချုပ် ယူတမ်ဆူဘီဒီက ပြောပါတယ်။ အဲဒီတရုတ်နိုင်ငံသားတွေဟာ ဆိုက်ဘာရာဇဝတ်မှုနဲ့ ATM ဘဏ်ငွေထုတ်စက်တွေထဲက အချက်အလက်တွေကို ခိုးယူနေတယ်လို့ သံသယရှိကြောင်း သူက ဆက်ပြောပါတယ်။ ဒါ့အပြင် လက်ရှိ သူတို့ကို ရဲစခန်းအသီးသီးမှာ ထိန်းသိမ်းထားပြီး သူတို့ရဲ့ ပတ်စ်ပို့တွေ၊  ကွန်ပျူတာ လက်ပ်တော့တွေကိုလည်း သိမ်းဆည်းထားပါတယ်။ မိခင်တရုတ်နိုင်ငံမှာ လိမ်လည်မှု ကျူးလွန်တာ အပါဝင် တရားမဝင်လုပ်ငန်း အများအပြားမှာ ပတ်သက်မှု သံသယနဲ့ တရုတ်နိုင်ငံသားတွေဟာ ပုံမှန်ဆိုသလို အာရှနိုင်ငံတွေမှာ   ဖမ်းဆီးခံရလေ့ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up