တရုတ်နိုင်ငံသားများ ဖမ်းမိ

A d v e r t i s e m e n t With Us

August 1, 2020

ပြင်ဦးလွင်တွင် တရားမဝင် ဝင်လာသည့် တရုတ်နိုင်ငံသားများ ဖမ်းမိ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အတွင်းမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေအတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ဟာ ပြင်ဦးလွင်- မန္တလေးအဆင်းကားလမ်း မိုင်တိုင်(၁၉)အနီးမှာ မသင်္ကာဖွယ် KIA BONGO III မော်တော်ယာဉ်တစ်စီး ရပ်တန့်ထားလို့ သွားရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာလို့ တပ်မတော်က ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ယာဉ်အား ထပ်ခိုးပြုလုပ်ပြီး မိုးကာအစိမ်းအုပ်ကာ တရားမဝင် တင်ဆောင်လာတဲ့ တရုတ်နိုင်ငံသား ကျား ၅ ဦး၊ မ ၁ ဦးနဲ့ ယာဉ်နောက်လိုက် ၂ ဦး တို့အား ယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်မိုးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၆ ဦးနဲ့ တရားမဝင်ခေါ်သွင်းလာသူ ၂ ဦးတို့အား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
6 months Ago
Up