တရုတ်နိုင်ငံတည်ထောင်ခြင်

October 1, 2020

တရုတ်နိုင်ငံတည်ထောင်ခြင်း ၇၁ နှစ်ပြည့်အခမ်းအနား ပြုလုပ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၁ နှစ်ပြည့် အလံတင်အခမ်းအနားကို အောက်တိုဘာ ၁ ရက်က မြို့တော် ပေကျင်းမှာ ပြုလုပ်ခဲ့ပါတယ်။  တိန်အန်မင်ရင်ပြင်မှာ လုပ်တဲ့ အလံတင်ပွဲအခမ်းအနားကို  ကျောင်းသား လူငယ်တွေအပါ အဝင် လူအုပ်ကြီးက  မနက် ၆ နာရီကစပြီး  စုဝေးကြည့်ရှုခဲ့ပါတယ်။  ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ  ခေါင်းဆောင်  မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တည်ထောင်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။  ဒီကနေ့  အောက်တိုဘာ ၁ ရက် မနက်မှာပဲ  ဟောင်ကောင်မှာ ဒီမိုကရေစီထောက်ခံသူ တွေက ဟောင်ကောင်ပြပွဲ ခန်းမဆီ ချီတက်ပြီး တိန်အန်မင် ဖြိုခွင်းမှုကို သက်သေထူရေးနဲ့  နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး တောင်းဆိုခဲ့ပါတယ်။ ဒီမိုကရေစီထောက်ခံသူ တချို့က "အမျိုးသားနေ့ အောင်ပွဲ နေ့မရှိပါ။ အမျိုးသား အောက်မေ့ဘွယ် နေ့သာ ရှိတယ်" ဆိုတဲ့ ခေါင်းစည်း စာတန်းကို ကိုင်ဆောင်ထားပါတယ်။  ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေလုပ်ဖို့ အွန်လိုင်းက တောင်းဆိုတာတွေ ပျံ့နှံ့နေတာမို့ ရဲတပ်ဖွဲ့ဝင် ထောင်ချီပြီး နေရာချထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
8 months Ago
Up