တရုတ်တရားရုံး

February 25, 2020

ထောက်လှမ်းရေး သတင်းပေးမှုဖြင့် ဆွီဒင် ၁ ဦးကို တရုတ်တရားရုံးက ထောင် ၁၀ နှစ် ချမှတ်

နိုင်ငံရပ်ခြားကို တရားမဝင် ထောက်လှမ်းရေး သတင်းပေးမှုနဲ့ တရုတ်နိုင်ငံဖွား ဆွီဒင်နိုင်ငံသား ကွေမင်ဟိုင်ကို တရုတ်တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ဟောင်ကောင်မှာ အခြေစိုက်ပြီး တရုတ်နိုင်ငံရေးခေါင်းဆောင်တွေအပေါ် ဝေဖန်တဲ့ စာအုပ်တွေ ရောင်းချသူ ကွေကို ၂၀၁၈ ခုနှစ်မှာ တရုတ်ပြည်မကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။  ကွေ အဖမ်းခံရတဲ့ ဖြစ်ရပ်ကြောင့် ဖေဖေဝါရီ  ၂၄ ရက် ပြစ်ဒဏ်မချမှတ်ခင်အထိ တရုတ်နဲ့ ဆွီဒင် နှစ်နိုင်ငံ ဆက်ဆံရေး လနဲ့ချီ ဆိုးရွားခဲ့ပါတယ်။  တရုတ်အာဏာပိုင်တွေကလည်း ဆွီဒင်အရာရှိတွေဟာ တရုတ်ပြည်တွင်းရေးကို ဝင်စွက်ဖက်နေတယ်လို့ သတိပေးခဲ့ပါတယ်။ ကွေမင်ဟိုင်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဆွီဒင် နိုင်ငံခြားရေးဌာန အရာရှိတွေက မှတ်ချက်ပြုပြောတာမျိုး မရှိသေးပါဘူး။ ကွေမင်ဟိုင်က ပြစ်ဒဏ်အပေါ် အယူခံမဝင်ဘူးလို့ပြောခဲ့ပြီး တရုတ်နိုင်ငံသားဖြစ်ခွင့် ပြန်ပေးဖို့ တောင်းဆိုတယ်လို့ နင်ဘိုတရားရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ကွေဟာ အစပိုင်းမှာတော့  ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမှာ ပြန်ပေးဆွဲခံရပြီး အဲဒီနောက် တရုတ်ပြည်မကြီး အကျဉ်းစခန်းမှာ တခြားသူတွေနဲ့အတူ ပြန်ပေါ်လာခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up