တရုတ်ဆေးပညာရှင်

A d v e r t i s e m e n t With Us

May 15, 2020

ကိုရိုနာကပ်ဘေး ကူညီရန် တရုတ်ဆေးပညာရှင်အဖွဲ့ အယ်လီဂျီးရီးယား ရောက်ရှိ

အယ်လ်ဂျီးရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ကူညီဖို့အတွက် တရုတ်ဆေး ဘက်ကျွမ်း ကျင်ပညာရှင်အဖွဲ့ တဖွဲ့ဟာ  မေ ၁၄ ရက်က ရောက်ရှိလာခဲ့ပါတယ် ။  တရုတ်သံအမတ် အဆိုအရ  ဒီအဖွဲ့မှာ ပညာရှင် ၂၀ ပါဝင်တယ်လို့သိရပါတယ်။ ဒီပညာရှင်တွေထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ၊ ကူးစက်ရောဂါဆိုင်ရာ၊ အထူး ကြပ်မတ်ကုသခြင်းဆိုင်ရာ၊ ဆေးရုံတွေ တည်ဆောက် စီမံခန့်ခွဲရေးဆိုင်ရာနဲ့ တရုတ်ရိုးရာ  ဆေး ပညာဆိုင်ရာပညာရှင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။  ဒီပညာရှင်တွေ အယ်ဂျီးရီးယားမှာ ၁၅ ရက်တာ နေထိုင်ပြီး ကိုဗစ်-၁၉ ကုသရေး အတွေ့အကြုံတွေကို ဝေမျှသွားမှာဖြစ်ပါတယ်။  မြောက်အာဖရိကနိုင်ငံတခုဖြစ်တဲ့ အယ်ဂျီးရီးယားမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေဟာ ၆၄၄၂ ဦး ရှိထားပြီး  သေဆုံးသူကတော့ ၅၂၉ ဦးရှိထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago

April 9, 2020

တရုတ်ဆေးပညာရှင်အဖွဲ့ ဆေးပစ္စည်းများနှင့်အတူ ရန်ကုန်ရောက်ရှိ 

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ကူညီပေးဖို့  တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ၁၂ ဦးပါ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ မနေ့မနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ရောက်ရှိလာပါတယ်။ အဆိုပါဆေးပညာရှင်အဖွဲ့နဲ့အတူ တစ်ရက်ကို လူနာ၂၀၀ ဓာတ်ခွဲစစ်ဆေး နိုင်မယ့် ဓာတ်ခွဲခန်းတစ်ခုကိုလည်း ရန်ကုန်ရှိ အမျိုးသားကျန်းရေးဓာတ်ခွဲမှု ဆိုင်ရာဌာနမှာ ထားရှိ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ တရုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆို တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို တရုတ်ယွမ်ငွေ ၄,၃၃၇,၃၃၄.၂၅ တန်ဖိုးရှိ ဆေးဝါးတွေ၊ ဆေးပစ္စည်းတွေ၊ ဓာတ်ခွဲကိရိယာတွေ စက်ပစ္စည်းတွေ လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။ တရုတ်ဆေးပညာရှင်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၁၅ ရက်တာနေထိုင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပူးပေါင်းပံ့ပိုးကူညီမယ်လို့လည်း အစိုးရက ထုတ်ပြန်ထားပါတယ်။  Photo - Ko Ye / MPA   
11 months Ago
Up