တရုတ်စစ်ရေးလေ့ကျင့်

September 18, 2020

အမေရိကန်အရာရှိရောက်ချိန် ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်စစ်ရေးလေ့ကျင့်

အမေရိကန်ထိပ်တန်းအရာရှိတဦး ထိုင်ဝမ်ကို လာရောက်ချိန်မှာပဲ ထိုင်ဝမ်ရေလက်ကြား အနီးမှာ တရုတ်က စစ်ရေးလေ့ကျင့်နေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။   အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးတင်းမာနေပြီး အမေရိကန်က ထိုင်ဝမ်ကို အကူအညီ ပေးဖို့ ကြိုးပမ်းချိန်မှာပဲ ကျည်အစစ်အသုံးပြု စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာပါ။  အမေရိကန် စီးပွားရေးရာထိပ်တန်းအရာရှိ  ကိသ် ခရပ်ချ်ဟာ  ၃ ရက်ကြာ ခရီးစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက်က ထိုင်ဝမ်ကို ရောက်လာခဲ့ပါတယ်။  ကိသ်-ခရပ်ချ်ဟာ ထိုင်ဝမ်သမ္မတဟောင်း လီတန်ဟွေးရဲ့  ဈာပနအခမ်းအနား တက်ရောက်ဖို့ ရောက်ရှိလာတာပါ။  ခေါင်းဆောင်ဟောင်း လီတန်ဟွေးကို ထိုင်ဝမ်နိုင်ငံသားအတော်များများနဲ့နိုင်ငံတကာက  ထိုင်ဝမ်ဒီမိုကရေစီဖခင်ကြီးအဖြစ် လေးစားတန်ဖိုးထားကြပါတယ်။  ကိသ်ခရပ်ချ်ဟာ ဆယ်စုနှစ်များစွာအတွင်း ထိုင်ဝမ်ကို လာရောက်တဲ့ အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိ တဦး ဖြစ်ပါတယ်။  စက်တင်ဘာ ၁၈ ရက်မှာတော့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရန်ကို့ချန်းက  အမေရိကန်-ထိုင်ဝမ် ပူးပေါင်းဆောင်ရွက်မှုဟာ မကြာခဏဆိုသလို အနှောင့် အယှက်တွေ ဖြစ်စေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
8 months Ago
Up