တရုတ်က ဖမ်

A d v e r t i s e m e n t With Us

November 22, 2020

တရုတ်က ဖမ်းထားသည့် ဟောင်ကောင်သား ၁၂ ဦး၏ဆွေမျိုးများ ဆန္ဒပြ     

ဟောင်ကောင်ကနေ မြန်နှုန်းမြင့်လှေတွေနဲ့ ထွက်ပြေးဖို့ ကြိုးစားရင်း တရုတ်ပြည်မကြီး အာဏာပိုင်တွေက ဖမ်းဆီးတာ ခံခဲ့ရတဲ့ ဟောင်ကောင်သား ၁၂ယောက်ရဲ့ ဆွေမျိုးတွေနဲ့ သူတို့ကို ထောက်ခံသူတွေ နိုဝင်ဘာ ၂၁ ရက်က ဆန္ဒပြခဲ့ကြပါတယ်။  ဖမ်းဆီးခံတွေကို ၃ လနီးပါး ဘယ်သူနဲ့မှ အဆက်အသွယ်ပြုခွင့် မပေးသလောက် နီးပါး အခြေအနေနဲ့ ထိန်းသိမ်းထားတဲ့ တရုတ်ထောင်နားမှာ ဆန္ဒပြခဲ့တာပါ။  ထိုင်ဝမ်ကို ထွက်မယ်လို့ ယုံကြည်ရတဲ့ မြန်နှုန်းမြင့် လှေပေါ်မှာ အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို တရုတ်ကမ်းရိုးတန်းစောင့် တပ်က သြဂုတ် ၂၃ ရက်မှာ ဖမ်းဆီးခဲ့တာပါ။  သူတို့အားလုံးကို ဟောင်ကောင်က ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဇွန်လကမှ ပြဋ္ဌာန်း လိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုနဲ့ အဓိကရုဏ်း ဖန်တီးမှုတွေအပါအဝင် စွဲချက်တွေနဲ့  တရားစွဲထားပါတယ်။ အာဏာပိုင်တွေကတော့ ဖမ်းဆီးခံ ၁၂ ယောက်ကို မိသားစုတွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးဘူးဆိုတဲ့ စွဲချက်ကို ငြင်းပြီး တရားဝင် ခန့်ထားတဲ့ ရှေ့တွေ ထားပေးထားတယ်လို့ လည်း ပြောပါတယ်။  အရင်အပတ်က ဖမ်းဆီးခံ ၇ ယောက်က မိသားစုဆီ စာရေးခွင့် ရခဲ့ပေမဲ့ သူတို့ဟာ ခြိမ်းခြောက် အကြပ်ကိုင်မှုကြောင့် ညွှန်ကြားချက်အရ ရေးရပုံရတယ်လို့ ဆန္ဒပြအုပ်စုက ကြေညာချက် ထုတ်ပြန်ပါတယ်။  အမျိုးသားလုံခြုံရေးဥပဒေအောက်က အာဏာပိုင်တွေရဲ့ နိုင်ငံရေး ဖိနှိပ်မှုကို ဆန့်ကျင် ဆန္ဒပြတဲ့အနေနဲ့ အမတ်အဖြစ်ကနေ နုတ်ထွက်ထားတဲ့ အက်ဒီချူးကတော့ ဆက်ပြီး တိုက်ပွဲ ဝင်နေဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ 
2 months Ago
Up