တရုတ်ကွန်ဂရက်

A d v e r t i s e m e n t With Us

May 28, 2020

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်ကွန်ဂရက် ထောက်ခံ

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းရေးကို  တရုတ်ပြည်သူ့ ကွန်ဂရက်က မေလ ၂၈  ရက်မှာ တခဲနက်ထောက်ခံခဲ့ပါတယ်။  ဟောင်ကောင်ဒေသကို  ခွဲထွက်တာ၊ ဖြိုခွဲတာ၊ အကြမ်းဖက်တာနဲ့  နိုင်ငံခြားတိုင်းပြည် ကြားဝင် နှောင့်ယှက်တာတွေကို အမျိုးသားလုံခြုံရေး ဥပဒေနဲ့  အရေးယူသွားမှာ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီကို  ဥပဒေရေးဆွဲခွင့် ပေးအပ်တဲ့  ဆုံးဖြတ်ချက်ကို   ထောက်ခံမဲ  ၂,၈၇၈  မဲ ၊ ကန့်ကွက်မဲ တစ်မဲ၊  ကြား နေမဲ ၆ မဲနဲ့  အတည်ပြုခဲ့တာပါ။ မဲစာရင်းကို   LED  ဖန်သားပြင်ပေါ် ပြသချိန်မှာတော့ ပြည်သူ့ခန်းမဆောင်အတွင်း ဥပဒေပြု အမတ်တွေ စုဝေးပြီး  လက်ခုပ်တီး ထောက်ခံခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
9 months Ago
Up