.တရုတ်ကျန်းမာရေးအဖွဲ့

February 2, 2021

တရုတ်ကျန်းမာရေးအဖွဲ့နှင့် ဆွေးနွေးမှု အကျိုးရှိဟု WHO ကိုဗစ်ဆိုင်ရာ ပညာရှင်ပြော

 ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ်ကို သွားစုံစမ်းတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ တရုတ် ကျန်းမာရေးအဖွဲ့တို့ရဲ့ ဆွေးနွေးပွဲဟာ အကျိုးဖြစ်ထွန်းတယ်လို့ WHO က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောဆိုပါတယ်။ 

ဂျနီဗာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  WHO  ကိုဗစ်ဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်တဲ့ မာရီယာ-ဗန်ခါခေါ့ဖ်က WHO အဖွဲ့ဟာ ဆေးရုံတွေနဲ့ ဈေးကို သွားရောက်ခဲ့ပြီး ဆွေးနွေးရာမှာ အကျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဟူဘေးပြည်နယ်အလယ်ပိုင်းက ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေး ဗဟိုဌာန CDC ကို WHO အဖွဲ့ သွားရောက်ချိန်မှာပဲ ဗန်ခါခေါ့ဖ်ရဲ့ မှတ်ချက်စကား ထွက်လာတာပါ။ 

WHO ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ CDC မှာ အချိန်အကြာဆုံး  ၄ နာရီခွဲလောက် သွားရောက်ခဲ့ပြီး  စောင့်ဆိုင်းနေတဲ့ သတင်းထောက်တွေကို  ဘာမှ မပြောဆိုခဲ့ပါဘူး။ 

WHO ပညာရှင်အဖွဲ့ဟာ ပထမဆုံး ကိုဗစ်လူနာတွေကို တွေ့ရှိတဲ့ ဆေးရုံတွေ၊ ဈေးတွေနဲ့ ကိုဗစ်ရောဂါတိုက်ဖျက်ရေး ပြခန်းတို့ကို သွားရောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

9 months Ago
Up