ဖိုင်ဇာထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံခဲ့တဲ့ နော်ဝေသက်ကြီးရွယ်အို ၂၃ ယောက် သေဆုံးခဲ့ပြီးနောက် နော်ဝေးနဲ့ တခြားနိုင်ငံတွေကို ဖိုင်ဇာလို ကုမ္ပဏီတွေက ထုတ်တဲ့ mRNA နည်းပညာအခြေခံ ကိုဗစ်ကာကွယ်ဆေး အသုံးပြုတာ ဆိုင်းငံ့ဖို့ တရုတ်ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။
mRNA နည်းပညာအခြေခံ ကိုဗစ်ကာကွယ်ဆေးကို အလျင်စလို ဖော်ထုတ်ခဲ့ပြီး ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အရေအတွက်အများအပြား မထိုးထားဘူးလို့ ဇန်နဝါရီ ၁၅ ရက်ထုတ် Global Times သတင်းက ဖော်ပြပါတယ်။
ကာကွယ်ဆေးဘေးကင်းမှုကို လူအများအပြား ထိုးနှံပြီး အတည်မပြုထားဘူးလို့ တရုတ် ကျန်းမာရေးပညာရှင်တစ်ဦးက ဆိုပါတယ်။
ဇန်နဝါရီ ၁၄ ရက်အထိ နော်ဝေးမှာ ကာကွယ်ဆေးထိုးနှံတာနဲ့ ဆက်စပ်ပြီး ၂၃ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
သေဆုံးသူ အားလုံးဟာ သက်ကြီးစောင့်ရှောက်ရေးဂေဟာတွေက ဖြစ်ပြီး အားလုံးဟာ အသက် ၈၀ ကျော်၊ တချို့ဆိုရင် ၉၀ ကျော်တွေ ဖြစ်တယ်လို့ နော်ဝေမီဒီယာ NRK က ဆိုပါတယ်။
နော်ဝေးနိုင်ငံမှာ ဖိုင်ဇာနဲ့ မိုဒါနာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးကို အသုံးပြုနေပြီး အဲဒီကာကွယ်ဆေး နှစ်မျိုးဟာ mRNA နည်းပညာကို အခြေခံထားကာ အီးယူရဲ့ ယာယီအတည်ပြုချက် ရထားတယ်လို့ NRK က ဆိုပါတယ်။
1 month Ago