ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တားဆီးရေး အစီအမံတွေကို ဖြေလျှော့ပေးဖို့ အချိန်မတန်သေးဘူးလို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
မကြာသေးခင်ရက်တွေမှာ ကူးစက်မှု အသစ်တွေ အစုလိုက် ပြန်ပေါ်လာတာက ဖြေလျှော့ပေးဖို့ အချိန်မတန်သေးဘူးဆိုတာ ပြသနေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောဆိုခဲ့တာပါ။
ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ကြိုးပမ်းတာတွေ ပုံမှန် ဖြစ်နေပေမယ့် အစီအမံတွေကို ဖြေလျှော့ရမယ် မဆိုလိုဘူးလို့ အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် မီဖန်းက မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဝူဟန်မြို့မှာ အသွားအလာကန့်သတ်တဲ့ လော့ဒေါင်း အစီအမံတွေကို လွန်ခဲ့တဲ့ တစ်လက ဖြေလျှော့ခဲ့ပြီးနောက် မေလ ၁၁ ရက်က ပထမဆုံးအကြိမ် ဗိုင်းရပ်စ်ကူးစက်မှု အသစ် အစုလိုက် တွေ့ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago