တရုတ်နိုင်ငံအနေနဲ့ လာမယ့်ဆယ်စုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၂ ထရီလီယံဖိုး ကုန်စည်တွေကို နိုင်ငံတကာဆီ တင်ပို့သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ရှိနေပေမဲ့ ဈေးကွက်စီးပွားရေး လမ်း ဖွင့်တာတွေ အရှိန်မြှင့်လုပ်သွားမယ်လည်း ရှန်ဟိုင်းမှာ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်ထိ ဖွင့်မယ့် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲမှာ ပြောလိုက်တာပါ။
ကမ္ဘာကြီးဟာ နိုင်ငံတကာထုံးတမ်းစဉ်လာကို လှိုက်စားဖို့ တဖက်သက် ဝါဒနဲ့ ကိုယ်ကျိုးစီး ပွား ကာကွယ်ရေးဝါဒတွေကို ခွင့်မပြုသင့်ဘူးလို့လည်း ရှီက ပြောပါတယ်။
တရုတ်ဟာ လာမယ့် ၁၅ နှစ်အတွင်း ကုန်စည်တွေ အမေရိကန် ဒေါ်လာ ထီရီလီယံ ၃၀ဖိုးနဲ့ ဝန်ဆောင်မှု အမေရိကန် ဒေါ်လာ ၁၀ ထီရီလီယံ တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ရှီက ၂၀၁၈မှာ ပြောခဲ့ဖူးပါတယ်။
အကဲခတ်တွေကတော့ ဒီကုန်စည်ပြပွဲဟာ တရုတ်က စီးပွားရေးလုပ်ငန်းတွေအတွက် လမ်း ဖွင့်ပေးမယ့် အချက်ပြမှုပဲ၊ ကိုဗစ်-၁၉ ကပ်ဘေး ရှိပေမဲ့ နိုင်ငံခြားစီးပွားရေးသမားတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဒီပွဲကို လူကိုယ်တိုင်တက်ဖို့ မျှော်လင့်ထားကြတယ်လို့ ပြောကြပါတယ်။
ဖွင့်ပွဲနေ့ အခမ်းအနားမှာ ရုပ်သံ မိန့်ခွန်း ပေးပို့ ပြောကြားသူတွေထဲမှာ ဆားဘီးယား သမ္မတ နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ညွှန်ချုပ်တွေလည်း ပါဝင်ပါတယ်။
2 years Ago