တရုတ်ကိုဗစ်-၁၉  ကာကွယ်ဆေ

January 7, 2021

အင်ဒိုနီးရှားတွင် တရုတ်ကိုဗစ်-၁၉  ကာကွယ်ဆေးကို ဘာသာရေးအရ ခွင့်ပြု ၊ မပြု ဆုံးဖြတ်မည်

အင်ဒိုနီးရှားမှာ လာမယ့်သီတင်းပတ်အတွင်း  တရုတ်ကုမ္ပဏီထုတ် ကိုဗစ်-၁၉  ကာကွယ်ဆေးကို အစုလိုက် ထိုးနှံပေးတော့မှာ ဖြစ်တဲ့အတွက် ဒီကာကွယ်ဆေးကို အစ္စလာမ် ဘာသာအရ ခွင့်ပြု ၊ မပြု  ဆိုတာကို အစ္စလာမ် ဘာသာရေးကောင်စီက ဆုံးဖြတ်ဖို့ရှိနေပါတယ်။ ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံး အင်ဒိုနီးရှားဟာ  တရုတ် စီနိုဗက်ကုမ္ပဏီကနေ ကာကွယ်ဆေးလုံးရေ ၃ သန်းရပြီးတာနဲ့    ဇန်နဝါရီ ၁၃ ရက်ကစလို့ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်ထားပါတယ်။ ပထမဆုံးကာကွယ်ဆေး မထိုးနှံခင် အမိန့်ပြန်တမ်းကို ထုတ်ပြန်ပေးသွားမယ်လို့လည်း အင်ဒိုနီးရှား အစ္စလာမ်မစ် ကောင်စီ တာဝန်ရှိသူ မူတီအာရင်တာဝါတီက ဇန်နဝါရီ ၆ ရက်မှာ  ပြောဆိုပါတယ်။ မူတီအာရင်တာဝါတီဟာ အစားအစာနဲ့ဆေးဝါးတွေ အစ္စလာမ်ဘာသာနဲ့ ညီမညီကို ကြီးကြပ်ရသူပါ။ ကာကွယ်ဆေးတွေ အစ္စလာမ်ဘာသာနဲ့ ညီမညီ အငြင်းပွားမှုက ပြည်သူ့ကျန်းမာရေးတုံ့ပြန်မှုအပေါ် အရင်က အတား အဆီး ရှိခဲ့ပါတယ်။ ၂၀၁၈ တုန်းက အင်ဒိုနီးရှားအစ္စလာမ်မစ် ကောင်စီဟာ ဝက်သက်ကာကွယ်ဆေးကို အစ္စလာမ် ဘာသာအရ တားမြစ်ကြောင်း ထုတ်ပြန်ခဲ့ဖူးတယ်လို့ ရိုက်တာက ရေးပါတယ်။
10 months Ago
Up