တရုတ်ကလပ်

March 27, 2020

အီဂါလိုကို ပြန်ခေါ်ရန် တရုတ်ကလပ် ပြင်ဆင်

တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းဟာ မန်ယူမှာ အငှားချထားတဲ့ တိုက်စစ်မှူး အီဂါလိုကို ပြန်လည်ခေါ်ယူမယ်လို့ သိရပါတယ်။  အီဂါလိုဟာ ရှန်ဟိုင်းရှင်ဟွာ အသင်းကနေ အငှားစာချုပ်နဲ့ လာရောက်ကစားနေတာပါ။ ရာသီအကုန်မှာ မန်ယူအသင်းက ပေါင် ၁၅ သန်း ပေးချေပြီး အပြီးသတ်ခေါ်ယူနိုင်မယ့် အခြေအနေလည်း ရှိနေတာပါ။  ဒါကြောင့်  အီဂါလိုကို တပတ်ပေါင် ၄ သိန်းအထိ ပေးကာ စာချုပ်သက်တမ်းတိုးပြီး ပြန်လည်ခေါ်ယူဖို့  ရှန်ဟိုင်အသင်းက ကြိုးပမ်းလာတာလို့ စကိုင်းစပေါ့က ဖော်ပြခဲ့ပါတယ်။  အသက် ၃၀ အရွယ် နိုင်ဂျီးယားတိုက်စစ်မှူး အီဂါလိုဟာ မန်ယူအသင်းနဲ့ စုစုပေါင်း ၈ ပွဲမှာ ၄ ဂိုးသွင်းပြီး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။
2 years Ago
Up