တရုတ်နိုင်ငံ အရှေ့ပိုင်းက သစ်သား ရိုလာ ကိုစတာ

July 5, 2015

စပိန်က နွားရိုင်းသတ်ပွဲကို တရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများ ဆန္ဒပြ

တရိစ္ဆာန်တွေကို ကျင့်ဝတ်နဲ့အညီ ဆက်ဆံသူတွေနဲ့ တရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေက သွေးနဲ့ အလားတူတဲ့ အရည်တွေကို သုတ်လိမ်းပြီး အပေါ်ပိုင်းဗလာနဲ့ မြေပေါ်မှာ အိပ်ကာ နွားရိုင်းသတ်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။ စပိန်နိုင်ငံမြောက်ပိုင်းမြို့တော် ပန်လိုနာမှာ ဆန်ဖာမင်ပွဲတော် ကျင်းပဖို့ ၂ ရက် အလို အခုလို ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူ ၅၀ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ဒီပွဲတော်ကြောင့် နွားရိုင်း အကောင် ၅၀ လောက် သေဆုံးမယ့် အရေးကို ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ပွဲတော်အတွင်း ကျင်းပတဲ့ နွားရိုင်းပြေးပွဲမှာတော့ သတ်မှတ်နေရာမှာ နွားရိုင်းတွေကို လူတွေနဲ့ အတူ ပြေးခိုင်းပြီး နောက်ဆုံး သတ်ဖြတ်သလို သီးခြား နွားရိုင်းသတ်ပွဲတွေလည်း ပွဲတော်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကျင်းပလေ့ရှိပါတယ်။ 6e3302733d2a7e5a3545ee869461b101ec26cabeဒီပွဲတော်ကို ဇူလိုင် ၆-၁၄ ရက်အထိ ကျင်းပခဲ့တာ ဖြစ်ပြီး ကမ္ဘာတ၀န်းက သန်းချီတဲ့ လူတွေ ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။
6 years Ago

တရုတ်နိုင်ငံ အရှေ့ပိုင်းက သစ်သား ရိုလာ ကိုစတာ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း အန်ဟွိုင် ခရိုင် ၀ူဟူးမြို့မှာ သစ်သားနဲ့ လုပ်ထားတဲ့ ရိုလာကိုစတာကို အရင်သီတင်းပတ်က စတင်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်တွေ မြို့ကို လာရောက်ဖို့ ဆွဲဆောင်တဲ့ အနေနဲ့ လုပ်ဆောင်တဲ့ ရိုလာ ကိုစတာဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။ ဒီရိုလာကိုစတာဟာ အရှည်အားဖြင့် ၁၀၆၀ မီတာ ရှိပြီး အမြင့်က ၃၂ မီတာမြင့်ပါတယ်။ ရိုလာကိုစတာဟာ အမြန်ဆုံး အရှိန်နဲ့ တနာရီကို ၉၁ ကီလိုမီတာနဲ့ သွားနိုင်ပြီး စီးနင်းတဲ့သူတွေကို သဲထိတ်ရင်ဖို အတွေ့အကြုံ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ၁၉၂၀ လောက်က အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက အပန်းဖြေ ပန်းခြံတွေမှာ ဒီလို သစ်သား ရိုလာကိုစတာတွေ ထွန်းကားခဲ့ပြီး နောက်ပိုင်းမှ သံနဲ့ ရိုလာကိုစတာတွေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - CCTVNews  
6 years Ago
Up