တရုတ်စစ်ကော်မရှင် ဗိုလ်ချုပ်မှူးကြီးကို သတိပေး

June 13, 2015

တရုတ်အဆင့်မြင့်အရာရှိဟောင်း အမေရိကန်တွင် ခိုလှုံခွင့်လျှောက်

ခြစားမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးသူတွေ ရှာဖွေနေတဲ့ တရုတ်အဆင့်မြင့်အရာရှိဟောင်းတဦးဟာ သူထိန်းသိမ်းခံထားရတဲ့ အမေရိကန်ုပြည်ထောင်စုမှာ ခိုလှုံခွင့် လျှောက်ထားလိုက်ပြီလို့ နိုင်ငံပိုင်မီဒီယာ ဆင်ဟွာ သတင်းဌာနမှာ ဇွန် ၁၁ ရက်က ဖော်ပြပါတယ်။ တရုတ်ပြည်အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်က ၀မ်ကျိုးမြို့ ဒုတိယမြို့တော်ဝန်ဟောင်း ယန်ရှိုကျူဟာ ပြီးခဲ့တဲ့လက အမေရိကန် ပြည်ထောင်စုမှာ အချုပ်ကျနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အကျင့်ပျက်ခြစားသူ ၁၀၀ စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေတဲ့ ယန်ရှိုကျူဟာ ပြည်ပမှာ ရောက်ရှိနေတယ်လို့ ပြည်သူတွေက ယူဆထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့ အနီရောင် သတိပေးချက်အဆင့် ရှိနေသူဖြစ်ပါတယ်။ သူဟာ နယူးယောက် တရားရုံးတခုမှာ ခိုလှုံခွင့် လျှောက်ထားလိုက်တာလို့ တရုတ်အစိုးရရဲ့ တရားဝင်သတင်းဌာန ဆင်ဟွာက ပြောပါတယ်။ ဆင်ဟွာသတင်းထောက်ကတော့ လိမ္မော်ရောင် ထောင်ဝတ်စုံ ၀တ်ထားပြီး ဆံပင်တိုတို မျက်နှာဖောင်းဖောင်းနဲ့ ယန်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးမှာ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဟုန်လေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးပြစ်မှု ကျူးလွန်သူတွေ ခိုနားရာ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံ၊ နယ်သာလန်နိုင်ငံတွေနဲ့ တရားခံတွေ ပြန်လွှဲပြောင်းတဲ့ သဘောတူစာချုပ် ချုပ်ဆိုထားခြင်း မရှိသေးပါဘူး။ ဒီအမှုကြောင့် တရုတ်အစိုးရရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ ကြီးကျယ်တဲ့ကိစ္စရပ် ဖြစ်တဲ့ ပြစ်မှုကျူးလွန်ရာ တိုင်းပြည်ကို တရားခံ ပြန်လွှဲပေးပေးရေး သဘောတူညီမှုတစ်ရပ်ကို အမေရိကန်အစိုးရနဲ့ တရုတ်အစိုးရတို့ ဆွေးနွေးကြဖို့ တွန်းအားတခု ဖြစ်လာပါတယ်။ ယန်ဟာ ၂၀၀၃ ခုနှစ်မှာ စင်ကာပူကို ပထမဆုံးအကြိမ် ထွက်ပြေးပြီး၊ နာမည်ပြောင်းလိုက်ပြီးနောက်မှာ နယူးယောက်ကို ထွက်သွားပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ အမ်စတာဒမ်မှာ ထိန်းသိမ်းခံခဲ့ရပြီး၊ နယ်သာလန်အစိုးရနဲ့ ညှိနှိုင်းရာမှာ အချိန်တွေကြာမြင့်ခဲ့ပြီး တရုတ်အစိုးရက ပြန်လွှဲမယူနိုင်ခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စုကို ဘယ်လိုရောက်သွားတယ်ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ ၂၀၁၃ မှာ တရုတ်သမ္မတ ရှီကျင်းပင်း တက်လာချိန်ကစပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာခဲ့ပြီးနောက်မှာ လာဘ်စားသူအရာရှိတွေကို မရေမတွက်နိုင်အောင် ချုပ်နှောင်ခဲ့ပြီး ပြည်ပက ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူခဲ့ပါတယ်။
6 years Ago

June 4, 2015

မြန်မာနယ်စပ်အနီး တရုတ်တပ်မတော် စစ်ရေးလေ့ကျင့် (သတင်းဓာတ်ပုံ)

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ က (Z-9) စစ်ရဟတ်ယာဉ်တွေအပါအ၀င် ကျည်ဆန်အစစ်တွေ အသုံးပြုပြီး ဝေဟင်က တိုက်ခိုက် လေ့ကျင့်နေပါတယ်။ ယာဉ်တွေနဲ့ ခြေလျင်တပ်တွေ သွားလာရခက်ခဲတဲ့နေရာတွေမှာ စစ်ရေး လေ့ကျင့်နေတာဖြစ်ပြီး ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်၊ သံချပ်ကာနဲ့ ရေဒါတပ်သားတွေ အပါဝင် တပ်သားမျိုးစုံပါဝင်တယ်လို့ တရုတ် စစ်တပ်က ပြောပါတယ်။ ဓာတ်ပုံ - CNTV [gallery ids="95947,95948,95949,95950,95951,95952,95953"]
6 years Ago
Up