တရားရုံးပယ်​ချ

March 26, 2018

ပုဒ်မသစ်ဖြင့်ထပ်မံတရားစွဲရန် စစ်​​တွေမြို့မရဲစခန်း၏လျှောက်ထားမှု တရားရုံးပယ်​ချ

စစ်​​တွေမြို့မရဲစခန်းမှာ ချုပ်​ရမန်နဲ့ ဖမ်းဆီးစစ်​​ဆေးခံ​နေရတဲ့ ရခိုင်အမျိုးသားကောင်စီ (အေအန်စီ)က ကိုနိုင်​စိုး တို့အပါအဝင်​ အရပ်​​သား ၄ ဦးကို ဒီကနေ့ စစ်​​တွေမြို့နယ်​တရားရုံးမှာ စစ်​​ဆေးခဲ့ပါတယ်​။ ဒီကနေ့ ၃ကြိမ်ြေ​မာက်​မှာ ချုပ်​ရမန်​ပြည့်သွားတဲ့ အတွက်​​ကြောင့် ကိုစိုးနိုင်တို့ကို ထပ်​မံပုဒ်မ​ အသစ်​စွဲတင်​ဖို့ စစ်​​တွေမြို့မရဲစခန်းကလျှောက်ထားမှုကို စစ်​​တွေမြို့နယ်​တရားရုံးက ပယ်​ချ​လိုက်တာပါ။ ဒီက​နေ့မှာသူတို့​ ၄ ဦးကို စစ်​​တွေမြို့နယ်​တရားရုံးမှာ ​ည​နေ​လေးနာရီ​ကျော်​မှာ တရားရုံးတင်​စစ်​​ဆေးခဲ့တာဖြစ်ပြီး လက်​ရှိအချိန်​မှာ​တော့ ကိုနိုင်​စိုးတို့ကို စစ်​​တွေမြို့မရဲစခန်းကို​ခေါ်​ဆောင်​သွားပါတယ်။ မိသားစုဝင်တွေကတော့  ပြန်​လွတ်​လာမယ့်မျှော်လင့်ချက်နဲ့ စောင့်​ဆိုင်း​နေကြပါတယ်​။
3 years Ago
Up